DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် နိုင်/ကျဉ်းတို့ နားခိုရာ အဆောက်အဦများ စတင်တည်ဆောက်
DVB
·
January 12, 2019
တိုက်ကြီးတွင် နိုင်/ကျဉ်းတို့ နားခိုရာ အဆောက်အဦများ စတင်တည်ဆောက်
Donate to DVB

တိုက်ကြီးမြို့၊ မလေးရှား ဝိုင်ကျေးရွာမှာ ဇန်နဝါရီ ၈ ရက်နေ့ကစတင်ပြီး နိုင်/ကျဉ်းတို့ နားခို ရာ ဆောက်အဦတွေ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ နိုင်/ကျဉ်းတို့ နားခိုရာ အဆောက်အဦဖြစ်မြောက်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသက်ဦးက ပြောပါတယ်။

“မြေဧက ၃ ဧကကို ကျောက်တိုင်စိုက်မှာဖြစ်ပြီး ရှင်းလင်းဆောင် အလျှားပေ ၇၀၊ အနံ ၂၅ ပေ ရှိ ရှင်းလင်းဆောင် စတင်တည်ဆောက်မယ်။ ခြောက် ခန်းတွဲ နှစ်ထပ်နားခိုဆောင်အလုံး ၇၀ ဆောက်လုပ်ရန် စီစဉ်ထားပေမယ့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နိုင်ကျဉ်းတွေ ထောင်ကျတုန်းက တိုက်ခန်းထဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့အတွက် သဘာ ဝပတ်ဝန်းကျင်နှင့်အညီ သီးခြားလုံးချင်းအိမ်လေးတွေ ဆောက်လုပ်ရန်အကြံပြုတဲ့အတွက် ကော်မတီမှာ ထပ်မံညှိနှိုင်းရဦးမယ်” လို့ပြောပါတယ်။

နိုင်ကျဉ်းတို့ နားခိုရာလို့ ခေါင်းစဉ်နဲ့အညီ နိုင်ကျဉ်းထဲက မည်သူမဆို မွန်းကျပ်မှုကြောင့် ဖြစ်စေ၊ ခေတ္တခဏတည်းခိုဖို့ဖြစ်စေ၊ ထာဝရနေတာပဲဖြစ်စေ လက်ခံသွားရမှာဖြစ်ကြောင်း တည်ဆောက်ရေး ကာလပြီးပါက နိုင်/ကျဉ်းမိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင် ရ ရှိဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၅ ရက်နေ့က အိမ်ရာစီမံကိန်း ပန္နက်ရိုက်အခမ်းအနားကို ရန် ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့ တက်ရောက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်သုံးဦးနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က အဲဒီနေရာအတွက် ဝန်ကြီးချုပ်တဦး လျှင် ကျပ် ၁၀ သိန်းစီ လှူဒါန်းခဲ့ပြီး နိုင်ကျဉ်းတို့ နားခိုရာ အိမ်ရာဖြစ်မြောက်ရေး နာယကအဖြစ်လည်း တာဝန်ယူထားတယ်လို့ သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013