ဆန္ဒပြပွဲအတွင်း အစ္စရေးစစ်တပ်က အမျိုးသမီးတဦးကို အသေပစ်သတ်

အစ္စရေးတပ်က ဇန်နဝါရီ ၁၁ ရက် ဂါဇာနယ်စပ် ဆန္ဒပြပွဲအတွင်း အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတဦးကို အသေပစ်သတ်ခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။ နယ်စပ်ကို ချိုးဖောက်ဖို့ ခဲတွေ၊ ဖောက်ခွဲရေး ပစ္စည်းတွေကို သုံးခဲ့တဲ့သူတွေကို တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ လူထုဆန္ဒပြပွဲကို အစ္စရေးစစ်တပ်က ပစ်ခတ်လို့ ပါလက်စတိုင်း ၂၅ ယောက် ဒဏ်ရာရတယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။ ပါလက်စတိုင်းတွေ နယ်စပ်တလျှောက်မှာ အပတ်စဉ် ဆန္ဒပြနေခဲ့တာ ပြီးခဲ့တဲ့နှစ် မတ်လ ၃၀ ကတည်းကပါ။ အစ္စရေးတပ်တွေဟာ ပါလက်စတိုင်း အယောက် ၁၃၀၀၀ လောက်ကို ရင်ဆိုင်ခဲ့ရတယ်။ နယ်ခြားစောင့် အင်အားကို ၂ ဆ မတိုးခင် ပါလက်စတိုင်းတွေဟာ အစ္စရေးဘက်ကို ၃ ကြိမ် ဖြတ်ကျော်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရက ပြောပါတယ်။ ပါလက်စတိုင်းတွေဟာ ၁၉၄၈ အစ္စရေးနိုင်ငံ တည်ထောင်ချိန်မှာ သူတို့ မိသားစုတွေ ထွက်ပြေးခဲ့ရတဲ့ မြေတွေဆီကို ပြန်ဖို့ အခွင့်အရေးကို လိုလားတောင်းဆိုနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up