မက္ကဆီကိုတွင် လောင်စာဆီပြတ်တောက်၊ ရဲတပ်ဖွဲ့က စက်ဘီးစီး ကင်းလှည့်

526
လောင်စာဆီပြတ်တောက်မှုတွေ ဖြစ်နေတဲ့ မက္ကဆီကိုနိုင်ငံ ဆာဂွါကို့ယို့တယ်မြို့မှာ ဇန်န၀ါရီ ၁၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေ စက်ဘီးစီး ကင်းလှည့်နေကြပါတယ်။
ဇန်န၀ါရီ ၉ ရက်နေ့က အဲဒီမြို့က စက်သုံးဆီဆိုင် ၄၄ ဆိုင်မှာ ၁၅ ဆိုင်ပဲ ဖွင့်ခဲ့ပါတယ်။ ဇန်န၀ါရီ ၁၀ ရက်နေ့မှာတော့ ဓာတ်ဆီဆိုင် ၇ ခုသာ ဖွင့်ခဲ့ပြီး ဓာတ်ဆီဝယ်ယူဖို့ ကားတန်းရှည်ကြီးနဲ့ ပုံးတွေနဲ့ စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။
လောင်စာဆီပြတ်တောက်မှုဟာ လုံခြုံရေး ပြဿနာတွေကိုလည်း ဖြစ်စေသလို မြို့ရဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ ဒေသမီဒီယာက ဆိုပါတယ်။
ဒါ့အပြင် ဒီပြဿနာဟာ မြို့ရဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် သက်ရောက်မှု ရှိမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဒီအတွက် မြို့တွင်းလုံခြုံရေး ကင်းလှည့်ဆောင်ရွက်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို စက်ဘီးအစီး ၂၅၀ ခွဲဝေပေးထားတယ်လို့ မြို့တော်ဝန်က ပြောကြားပါတယ်။