A d v e r t i s e m e n t With Us

မြစ်ကြီးနားမြို့အနီး ရထားသံလမ်း ဗုံးကွဲ

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အ၀င် ရထားသံလမ်းမှာ ဒီနေ့ မနက် ၃ နာရီလောက်က မိုင်းဗုံး တလုံး ပေါက်ကွဲခဲ့တယ်လို့ မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းအပိုင်းမှာ ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲတာနဲ့ပတ်သတ်ပြီး အသေးစိတ်ကိုတော့ အမှတ် ၂ ရဲစခန်းက ပြောကြားခြင်း မရှိပါ။ ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နဲ့  မြန်မာ တပ်မတော်တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ အခုရက်ပိုင်းအတွင်းမှာ မြစ်ကြီးနား မန္တလေး မီးရထားလမ်းမှာ ရထားလမ်းကို ဗုံးခွဲ တိုက်ခဲ့တာတွေ ကို ကေအိုင်အေက လုပ်ဆောင်ခဲ့တာလို့ မြန်မာအစိုးရ သတင်းစာတွေမှာ ရေးသား ထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ကချင်ပြည်နယ် ဟိုပင်ဘူတာ အနီးမှာလည်း ဗုံးတလုံးပေါက်ကွဲခဲ့ပြီး လူအသေအပျောက် မရှိခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up