DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်နေ့တွင် လူထုအရေးလှုပ်ရှားသူပုံပါ တီရှပ်ရောင်းချမှုမပြုရန် ခံဝန်ကတိထိုး
DVB
·
January 11, 2019
ကချင်ပြည်နယ်နေ့တွင်  လူထုအရေးလှုပ်ရှားသူပုံပါ တီရှပ်ရောင်းချမှုမပြုရန် ခံဝန်ကတိထိုး
Donate to DVB

မြစ်ကြီးနားမြို့ စီတာပူမနောင်ကွင်းမှာ မနေ့က ကျင်းပတဲ့ ၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့  အထိမ်းအမှတ်ပွဲမှာ ထောင်ကျခံနေရတဲ့ ကချင်လူထုအရေးလှုပ်ရှားသူ ဖြစ်တဲ့ ဦးဇော်ဂျက်၊ ဦးလွမ်းဇောင်း နဲ့ ဒေါ်နန်ပူတို့ရဲ့ ပုံပါ နဲ့ we want Free And Fair Judicail System စာသားပါ တီရှပ်ဆိုင်ခန်း ရောင်းချခွင့်မပြုဘဲ ရဲက ပိတ်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေတဲ့ ဆရာဆိုင်းခေါင်ကိုလည်း ရဲစခန်းက ဆင့်ခေါ်ပြီး ပုံနှိပ်ထုတ်ဝေဥပေဒေပုဒ်မ ၂၀ နဲ့ တရားစွဲဆိုဖို့ စီစဉ်ခဲ့ပေမယ့် ညနေပိုင်းညှိနှိုင်းမှုအရ တရားမစွဲတော့ဘဲ တီရှပ်ကို ဆက်မရောင်းရန် ခံဝန်ထိုးခဲ့တယ်လို့ ဆရာဆိုင်းခေါင်က ပြောပါတယ်။

“ အမှုကတော့ မဖွင့်တော့ဘူး။ ဒါပေမယ့် ကျနော်ကို အဲဒီတီရှပ် အဲဒီသုံးယောက်ပါတဲ့ပုံ၊ ပါတဲ့ အင်္ကျီမရောင်းဖို့ပဲ ၀န်ခံကတိထိုးခိုင်းခဲ့တာဗျာ။ ကျနော်ကတော့ ဆက်ရောင်းဖို့တော့ မဟုတ်ဘူး။ မရောင်းဖို့တော့ ထိုးလိုက်ပြီ။ ”

ဒီကနေ့ မစောပိုင်းက တရားရုံးကို သွားဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် တရားရုံးမှာ နေ့ခင်းကတည်းက သွားရောက်စောင့်ဆိုင်းခဲ့ရာ ညနေပိုင်းမှာတော့ ရဲစခန်းကိုပြန်လည် ဆင့်ခေါ်ဆွေးနွေးပြီး ခံဝန်ကတိထိုးခိုင်းလိုက်တာဖြစ်ပါတယ်။

တိုက်ပွဲကြားမှာ ပိတ်​မိနေတဲ့ ပြည်​သူတွေ လွတ်​​မြောက်​ရေး ကြိုးပမ်း​မှုကြောင့် တပ်​မ​​တော်ရဲ့ တရားစွဲဆိုခံရ​တဲ့  ဦး​ဇော်​ဂျက်​၊ ဦးလွမ်း​ဇောင်းနဲ့ ​ဒေါ်နန်​ပူတို့ကို ဒီဇင်ဘာလ ၇ ရက်က တရားရုံးက ထောင်​ဒဏ်​ ၆ လနဲ့ ​ငွေဒဏ်​ကျပ်​ငါးသိန်းစီ ချမှတ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013