DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ခရီးသွားကဏ္ဍမြှင့်တင်ရေး ကားမောင်းပြိုင်ပွဲ ကျင်းပ
DVB
·
January 11, 2019
စစ်ကိုင်းတိုင်း ခရီးသွားကဏ္ဍမြှင့်တင်ရေး ကားမောင်းပြိုင်ပွဲ ကျင်းပ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် Myanmar Hertiage Trail Tourism Rally  ကားမောင်းအဖွဲ့ကနေ ဦးဆောင်ကာ ကားအစီး ၂၀ နဲ့ "Journey To The Naga Land Rally Sagaing ကားမောင်းပြိုင်ပွဲကို  ဇန်နဝါရီလ ၁၁ ရက်နေ့ ကျင်းပခဲ့ပါတယ်။

ကားမောင်းပြိုင်ပွဲဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းအဆင့်ဌာနဆိုင်ရာတွေ၊ ကားမောင်းအဖွဲ့မှာ ပါဝင်သူတွေ၊ စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအဖွဲ့က မုံရွာ-မင်းကင်း-မော်လိုက်-တမူး-ဟုမ္မလင်း-ထမံသီတို့အတိုင်း လေရှီးမြို့အထိ သွားရောက်မှာဖြစ်ပြီး လေရှီးမြို့မှာ ကျင်းပတဲ့ နာဂရိုးရာပွဲတော်ကို ပါဝင်ဆင်နွှဲကာ လေရှီး- ဟုမ္မလင်း- ဖောင်းပြင်-သက္ကယ်ကျင်း-ရေဦး-ရွှေဘိုကနေတဆင့် ဇန်နဝါရီ ၁၇ ရက်နေ့မှာတော့ စစ်ကိုင်းမြို့ကို ပြန်လည်ဝင်ရောက်ပြီး ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအနေနဲ့ ခရီးသွားလုပ်ငန်းကို မူဝါဒတွေချမှတ်ကာ ဦးစားပေးလုပ်ငန်းအဖြစ် အကောင်အထည် ဖော်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကိုင်းကနေ စတင်ကာ ရထားနဲ့ ခရီးသွား ရက်သတ္တပတ် အစီအစဉ်ပြုလုပ်ခဲ့ပြီး ဇလုံတောင်၊ လင်းနို့ဂူတွေကိုလည်း သွားရောက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013