DVB Logo
Home
မြန်မာသတင်း
ဘဏ်တိုင်းတွင် ငွေထုတ်၊ ဈေးဝယ်နိုင်မည့် MPU ကတ်စနစ် စတင်
DVB
·
September 14, 2012
ဘဏ်တိုင်းတွင် ငွေထုတ်၊ ဈေးဝယ်နိုင်မည့် MPU ကတ်စနစ် စတင်
Donate to DVB

မြန်မာနိုင်ငံတွင်းက ဘဏ်တိုင်းလိုလိုမှာ ငွေထုတ်နိုင်ပြီး ဈေးဝယ်နိုင်မယ့်   MPU (Myanmar Payment Union)  မြန်မာအမျိုးသားအဆင့် ငွေပေးချေတဲ့ ကတ်တွေကို စတင်ထုတ်လုပ်လိုက်ပြီ လို့ သိရပါတယ်။

MPU ကတ်ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက် ၂ ခု ရှိတဲ့အကြောင်း၊ မြန်မာပေးမန့်ယူနီယံ၊ စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဇော်လင်းထွဋ်က ပြောပါတယ်။

[caption id="attachment_30818" align="alignleft" width="300" caption="(ဓာတ်ပုံ-ရိုက်တာ)"][/caption]

“MPU တံဆိပ်ပါပြီး ဘဏ်ငွေထုတ်တဲ့ကတ်တွေ အကုန်လုံးသည် ဘယ်ဘဏ်ကပဲ ထုတ်ထုတ် သုံးလို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်တခုရယ်၊ ဈေးဝယ်ရင် ဘယ်မှာပဲ ၀ယ်ဝယ် ၀ယ်လို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက် တခုပေါ့။ အဲဒီ ရည်ရွယ်ချက် ၂ ခုနဲ့ လုပ်တာပါ။”

MPU ကတ်တွေကို မြန်မာနိုင်ငံသားများဘဏ်၊ မြ၀တီဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ် နဲ့ မြန်မာရှေ့ဆောင်ဘဏ်တို့မှာ စတင် အသုံးပြုနိုင်ကြပါပြီ။

ကတ်သုံးလိုတဲ့သူတွေဟာ အဲ့ဒီဘဏ်တွေမှာ ငွေစာရင်းဖွင့်ပြီး၊ ကတ်သုံးစွဲခွင့် လျှောက်ထား ရယူကြရမှာ ဖြစ်ပါတယ်။ ငွေကျပ် ၁၀၀၀ ကနေ ကြိုက်သလောက် ငွေကြေး ပမာဏနဲ့ ငွေစာရင်း ဖွင့်နိုင်ပေမယ့်၊ ကတ်သုံးစွဲနိုင်တဲ့ ငွေပမာဏကိုတော့ ကန့်သတ်ထားပါတယ်။ ကတ်နဲ့  ATM အလိုအလျောက် ငွေထုတ်စက်တွေမှာ တနေ့  ၁၀ သိန်းအထိ ထုတ်ယူသုံးစွဲနိုင်ပြီး၊ ဈေးဝယ်ရင်တော့ ကျပ်သိန်း ၅၀ ဖိုး ၀ယ်ယူနိုင်ကြမှာ ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအ၀င် မြန်မာနိုင်ငံမှာ  အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇ ခုရှိတယ်လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။

အမ်ပီယူကတ်သုံးတဲ့သူတွေ သတိထားရမယ့် အချက်တချို့ကိုလည်း သူက ခုလို ပြောပြပါတယ်။

“အွန်လိုင်းရော၊ အော့ဖ်လိုင်းရော ပင်ကုတ် (လျှို့ဝှက်နံပါတ်) ၆ လုံးနဲ့ အခြေခံထားတာ ဖြစ်တဲ့အတွက် လုံခြုံရေးအပြည့်ရှိတဲ့  ကတ်ဖြစ်ပါတယ်။ chip ကို သုံးထားတာ ဖြစ်တဲ့အတွက် ပြန်ပွားလို့ မရဘူး။ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာတွေကို အသုံးပြုထားပါတယ်။ သုံးစွဲသူတွေက ဒါတွေကို မရင်းနှီးသေးတဲ့ အခါကျတော့ ပင်နံပါတ်ကို ကတ်ပေါ်မှာ ရေးပြီး မှတ်ထားတာတို့၊ ပင်နံပါတ်ကို ပေးပြီးသူများတွေကို သွားထုတ်ခိုင်းတာတို့ မလုပ်သင့်တဲ့အကြောင်းကိုတော့ သိစေချင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကတ်ပေါ်မှာ ပင်နံပါတ်ရေးထားတော့ ကတ်ပျောက်သွားတဲ့အခါ အဲဒီပင်နံပါတ်ပါ ပါသွားတော့ ပိုက်ဆံ ပါသွားတာပေါ့။ ပင်နံပါတ်ကို ကိုယ့်ဘာသာ မှတ်ထားရင် ကတ်ပျောက်သွားရင်လည်း ကိုယ့်ပိုက်ဆံတွေ မပါသွားတော့ဘူးပေါ့။ နဂိုက ပိုက်ဆံအိတ်ပျောက်သွားရင် ပိုက်ဆံ ပြန်မရတော့ဘူး။ အခု ကတ်ပျောက်သွားရင် ဘဏ်တွေကို အကြောင်းကြားတာနဲ့ ဒီပိုက်ဆံတွေ မပျောက်ဘဲ ပြန်ရတယ် ဆိုတာ ကျနော် မိဘပြည်သူတွေကို သိစေချင်ပါတယ်။”

MPU ရုံးဖွင့်ပွဲကို ဒီနေ့ ရန်ကုန် ဗဟိုဘဏ်မှာ ကျင်းပခဲ့ပြီး၊ ကတ်စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၄ သန်း ရင်းနှီးမတည် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013