ကြေးနီစီမံကိန်းအရေး လှုပ်ရှားသူ ၄ ဦး ပြန်လည်လွတ်မြောက်
DVB
·
September 14, 2012
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့အတွက် အဖမ်းခံထားရတဲ့ ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာက မသွဲ့သွဲ့ဝင်း၊ မအေးနက်၊ မဖြူဖြူဝင်းနဲ့ သူတို့ကို အကူအညီပေးနေတဲ့ ကိုဝေဠုတို့ ၄ ဦးကို အာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်ပါတယ်။
မသွဲ့သွဲ့ဝင်းအပါအ၀င် အမျိုးသမီး ၃ ဦးဟာ ဒီနေ့ ညနေ ၄ နာရီခွဲမှာ မုံရွာအကျဉ်းထောင်ကနေ လွတ်မြောက်လာကြတာဖြစ်ပြီး ကိုဝေဠုက ချောင်းဦးရဲစခန်းကနေ လွှတ်ပေးလိုက်တာလို့ အဖမ်းခံထားရသူတွေ လွတ်မြောက်ရေးအတွက် အကူအညီပေးတဲ့သူတွေက ပြောပါတယ်။
ဒီနေ့ လွှတ်ပေးလိုက်တာဟာ အာမခံသဘောမျိုးနဲ့ဖြစ်ပြီး ရမာန်ပြည့်တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ရောက်မှ အဖမ်းခံရတဲ့သူတွေကို တရားစွဲဆိုထားမှု တရားရုံးကနေ ရုပ်သိမ်းပေးမယ်လို့ အာဏာပိုင်တွေက ပြောကြောင်း လိုက်ပါကူညီပေးနေတဲ့ ၈၈ မျိုးဆက်အဖွဲ့ဝင် ကိုမျိုးသန့်က ပြောပါတယ်။