Home
မြန်မာသတင်း
ပျောက်​ဆုံး ထီလက်မှတ်များထဲမှ ဆုများထွက်ပါက အစားထိုး ပြန်လည်ဖွင့်လှစ်ပေးမည်
DVB
·
January 11, 2019
မ​ကွေတိုင်း​ဒေသကြီး ​ဖေ​ဖော်​ဝါရီ ၁ ရက်​​နေ့ ​ဖွင့်လှစ်​မယ့်ထီမှ ထီစာအုပ်​ ၁၀၀၀ ​ကျော်​​ပျောက်​ဆုံးနေပြီး ပေါက်မဲထွက်ပေါ်လာပါက အလျော်ပေးမှာမဟုတ်ဘဲ အစားထိုးပြန်လည်ဖွင့်လှစ်ပေးမယ်လို့ ​အောင်​ဘာ​လေ သိန်းဆုဌာနခွဲ မန္တ​လေးရုံးခွဲက သိရပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးကို ဖြန့်​ချိ​တဲ့ ထီလက်​မှတ်​တွေအနက်​က ပွင့်ဖြူမြို့ကို စာတိုက်​အ​ချောပို့နဲ့ ပို့​ဆောင်​ခဲ့​တဲ့ ၂၃ ကြိမ်​​မြောက်​ ​အောင်​ပါ​လေထီ စအုပ်​ ၁၂၈၅ အုပ်​( ​စောင်​​ရေ ၁၄၁၃၅ ​စောင်) လမ်းခရီးမှာ ဇန်​နဝါရီ ၁၀ က ​ပျောက်​ဆုံးခဲ့တယ်​လို့ ပြည်​တွင်းအခွန်​ဦးစီး ဌာနက သတင်းထုတ်​ပြန်​ထားပါတယ်​။ ပျောက်ဆုံးထီလက်မှတ်တွေဟာ မ​ရောင်းရ​သေးတဲ့ ထီလက်​မှတ်​တွေ ဖြစ်​​နေလို့ ဆုမဲတွေ ပေါ်ထွက်​လာပါက အထူးဆုစနစ်နဲ့ ဆုတဆုခြင်းစီ ​ရောင်းချထားတဲ့ ထီလက်​မှတ်​ ဂဏန်းတွေ ထွက်​​ပေါ်တဲ့​အထိ ပြန်​လည်​ဖွင့်လှစ်​သွားမှာဖြစ်​ပြီး ​ဝေ​ဝေဆာဆာ ပ​ဒေသာ ဆုမဲစနစ်မှာ ဆုမဲတန်​ဖိုးအတိုင်း ပြန်​လည်​ဖွင့်လှစ်​သွားမယ်လို့ ​ဖော်​ပြထားပါတယ်​။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024