အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး ရာသီကုန်တွင် ဂျူဗင်တပ်သို့ ပြောင်းရွှေ့မည်

အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးဟာ ရာသီအကုန်မှာ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။ အီတလီဂျာနယ်လစ် ရိုမန်နိုရဲ့ အဆိုအရ ဂျူဗင်တပ်အသင်းဟာ ရမ်ဆေးကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိသွားပြီး ၅ နှစ် သက်တမ်းစာချုပ် ချုပ်ဆိုမှာဖြစ်တာကြောင့် ပေါင် ၃၆ သန်း တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ရမ်ဆေးအနေနဲ့ ဂျူဗင်တပ်အသင်းမှာ တပတ်လုပ်ခ ပေါင်တသိန်းလေးသောင်း ရရှိမှာဖြစ်ပြီး သူ့ရဲ့အေးဂျင့်ဟာ မကြာခင်မှာပဲ ဂျူဗင်တပ်အသင်း ဒါရိုက်တာတဦးနဲ့ စာချုပ် ချုပ်ဆိုတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျူဗင်တပ်ဒါရိုက်တာ ပါရာတက်စီကလည်း ပြီးခဲ့တဲ့အပတ်က ရမ်ဆေးဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားသူဖြစ်တယ်လို့ ချီးကျူးထားပါတယ်။ ရမ်ဆေးဟာ အာဆင်နယ်အသင်းကို ၂၀၀၈ ခုနှစ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး ၁၀ နှစ်အတွင်းမှာ စုစုပေါင်း ၃၅၄ ပွဲကစားခဲ့ပြီး ၆၁ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up