မိုင်းရှုးမြို့တွင် ယမ်းပေါက်ကွဲ၊ ၁ ဦးသေ ၁ ဦးဒဏ်ရာရ
DVB
·
January 10, 2019
ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့၊ ကုန်းမြင့်သာရပ်ကွက်မှာ ဇန်န၀ါရီ ၉ ရက် မနက်က ယမ်းပေါက်ကွဲမှု ဖြစ်ပွားလို့ အမျိုးသားတဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ကုန်းမြင့်သာရပ်ကွက် လောင်ပစ်ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီအတွင်းရှိ ဦးသန်းညွန့်ဝင်း နေအိမ်ပေါ်မှာ ဆေးလိပ်သောက်စဉ် သိမ်းဆည်းထားတဲ့ လုပ်ငန်းသုံး ယမ်းကတ် ၉၀ ပေါ်ကို ဆေးလိပ်မီးပွားကျလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ဦးသန်းညွန့်ဝင်းဟာ နဖူးပြတ်ရှ၊ ဝဲလက်မောင်းပြုတ်၊ ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အနီးအနားရှိ ဦးရဲနိုင်ကိုလည်း သစ်သားစတွေ ထိမှန်လို့ ဦးခေါင်းနဲ့ ခြေလက်တွေ ဒဏ်ရာရရှိခဲ့ပြီး လွိုင်ဆောင် ထောက်တိုက်နယ်ဆေးရုံကို ပို့ဆောင် ကုသထားရပါတယ်။