
အခုဆိုရင် ပန်မာတရင် ရွာလေးဆီကို နိုင်ငံခြားသား ကမ္ဘာ့လှည့်ခရီးသွားတွေ တဖွဲဖွဲနဲ့ သွားနေကြပါတယ်။ ရွာရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ လှပတဲ့ သန္တာကျောက်တန်းလေးကို တိုးရစ်တွေ စိတ်ဝင်စားနေကြတာပါ၊၊ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းကဆိုရင်တော့ သန္တာကျောက်တန်းတွေ ပျက်စီးခဲ့ဖူးပါတယ်၊ ငါးဖမ်းသမားတွေရဲ့ဗုံးဒဏ်ကြောင့်ပါ။
အခုတော့ ပင်လယ်ပြင်ရဲ့ အလှတရားကို ကာကွယ်ကြတဲ့ ဒေသခံတွေရဲ့ ကျေးဇူးလည်းပါတာပေါ့၊ မကြာခင်တုန်းကပဲ ကုလသမဂ္ဂကနေ ရွာကလေးကို နိုင်ငံတကာ ဆုချီးမြှင့်လိုက်ပါတယ်။ ကွင်န၀တီ ပါစရီဘွန် က ပင်လယ်ကမ်းခြေ ကာကွယ်ရေးအတွက် ဒေသခံတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို သွားရောက်လေ့လာထားပါတယ်။










