Home
မြန်မာသတင်း
ကျဆုံးရဲတပ်သားများ၏ အရိုးပြာကို မိသားစုပြန်ယူခွင့်ရအောင် ဆောင်ရွက်ပေးမည်
စိုးမိုးအောင်
·
January 9, 2019
49897531_2172938156256195_8765837945430081536_o
49813524_2172938242922853_1722022950707658752_o
49731869_2172938186256192_8589363949760151552_o
49667015_2172938282922849_6595074389274787840_o
49660011_2172938176256193_2157626333528588288_o
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ)ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြတဲ့ ရဲတပ်သားတွေရဲ့ အရိုးပြာတွေကို မိသားစုတွေရဲ့ဆန္ဒအရ ပြန်ယူခွင့်ရအောင်လုပ်ပေးမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း ၄ခုကို ဇန်န၀ါရီ ၄ရက် မနက်က အေအေလက်နက်ကိုင်အဖွဲ့ကနေ ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲအရာရှိ ၁ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ရဲတပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့တာပါ။ အတိုက်ခံရတဲ့ ရဲကင်းစခန်းတွေကို ဇန်န၀ါရီ ၇ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယ၀န်ကြီး ဦးခင်မောင်တင်ဦးဆောင်တဲ့အဖွဲ့က  သွားရောက်ကြည့်ရှုခဲ့သလို သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ  သေဆုံးသွားတဲ့ ရဲတပ်သားတွေရဲ့မိသားစုဝင်တချို့က သေဆုံးရဲတပ်သားတွေရဲ့ အရိုးပြာတွေ ပြန်လိုချင်တယ်လို့  ဒုတိယ၀န်ကြီး ဦးခင်မောင်တင်ထံ တောင်းဆိုခဲ့တာပါ။ အဲဒီလိုတောင်းဆိုခဲ့တဲ့အပေါ် ၀န်ကြီးက မိသားစုဝင်တွေ စိတ်ကျေနပ်အောင် လုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောဆိုခဲ့သလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က လည်း အရိုးပြာယူဆောင်ခွင့်ရအောင် လုပ်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကျဆုံးသွားတဲ့ ရဲတပ်သားတွေကို မိသားစုဝင်တွေကိုယ်တိုင်သင်္ဂြိုဟ်ခွင့်ရအောင် လုပ်ဆောင်ဖို့ စီစဉ်ထားပေမယ့် နယ်မြေအေးချမ်းမှုမရှိတဲ့အတွက် အဲဒီဒေသတွေမှာဘဲ ရဲအခမ်းအနားနဲ့ သင်္ဂြိုဟ်ဖို့ အမိန့်ပေးခဲ့တာလို့ ရဲချုပ်ကပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024