ကလေးမြို့တွင် သမ္မတရပ်တည်ချက် ထောက်ခံဆန္ဒပြ
အေးနိုင်
·
September 13, 2012
စစ်ကိုင်းတိုင်း ကလေးမြို့မှာ သမ္မတကိုထောက်ခံတဲ့အနေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ မျက်မြင်တွေ က ပြောပါတယ်။
ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ဘူးလို့ သမ္မတပြောစကားအပေါ် ထောက်ခံဆန္ဒပြပွဲမှာ သံဃာတွေ အပါအ၀င် စုစုပေါင်း ၃၀၀ လောက်ဟာ မင်္ဂလာဥယျာဉ်စာသင်တိုက် စုရပ်ကနေ ဘုရင်နောင်လမ်းနဲ့ ဗိုလ်ချုပ်လမ်းတွေအတိုင်း ကလေးမြို့ကို တပတ်ပတ်တယ်လို့ ဆိုပါတယ်။
ရဲခွင့်ပြုချက်နဲ့ ဆန္ဒပြကြတာဖြစ်ပြီး အေးအေးချမ်းချမ်းပြီးဆုံးသွားပါတယ်။ သမ္မတရဲ့ ပြောဆိုချက် အပေါ် ထောက်ခံဆန္ဒပြပွဲကို မန္တလေးမြို့မှာ လုပ်ဆောင်ရာမှာ လူထောင်ချီပါဝင်ခဲ့ပါတယ်။