DVB Logo
Home
မြန်မာသတင်း
က၀မြို့နယ်တွင် သမဂ္ဂထူထောင်ခွင့် လျှောက်ထားမှု ကြန့်ကြာနေ
DVB
·
September 13, 2012
Donate to DVB

ပဲခူးတိုင်း က၀မြို့နယ်အာဏာပိုင်တွေက တောင်သူလယ်သမားတွေ တင်လျှောက်တဲ့ သမဂ္ဂ ဖွဲ့စည်းခွင့်ကို ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ကြန့်ကြာအောင် လုပ်နေတယ်လို့ လျှောက်ထား သူတွေက ပြောပါတယ်။

ငှက်ကြီးရေကျော်ကျေးရွာသား ဦးသန်းဦးက “မှတ်ပုံတင်ရုံးကို သွားလျှောက်တဲ့ အခါ ကျေးရွားအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် လိုတယ်တဲ့။ ကျေးရွာမှာ ရာအိမ်ခေါင်း၊ ဆယ်အိမ်ခေါင်းတွေရဲ့ နေထိုင်ကြောင်း ထောက်ခံချက် လိုတယ်တဲ့။ တချို့ကျေးရွာအုပ်ချုပ်ရေးမှူးက ကျနော်တို့နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့အတွက် ညှိနှိုင်းဆောင်ရွက်ဖို့ အခက်အခဲ ရှိတယ်ဗျ။ ကျနော်တို့ လယ်သမားတွေမှာ လယ်ယာတွေ အသိမ်းခံရတယ်၊ ဘဏ်ချေးငွေတွေ မရဘူး၊ အဲဒီအတွက် အကူအညီလိုလို့ ဒီသမဂ္ဂကို ဖွဲ့စည်းတာကို အားကိုးတကြီး လုပ်တာပါ” လို့ ပြောပါတယ်။

လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို သမ္မတ ဦးသိန်းစိန် ဆီကိုလည်း တင်ပြထားပေမယ့်လည်း မထူးဘူးလို့ ပြောပါတယ်။

အောင်ကန်လှိုင်ကျေးရွာက ဦးအောင်ကြည်ကလည်း သမဂ္ဂဖွဲ့စည်းခွင့် လျှောက်တာ ခက်ခဲပုံ ကိုယ်တွေ့ကို အခုလို ပြန်ပြောပါတယ်။

“ကျနော်တို့ အလုပ်ပျက်တာပေါ့။ သွားလာရတာကလည်း ၁ ယောက်ကို အသွားအပြန် ၁ သောင်းလောက် ကုန်တာဆိုတော့ အခု နောက်တခါ ထပ်လာရမယ်ဆိုရင် အခက်အခဲတွေ ရှိတာပေါ့။ သမဂ္ဂ ဖြစ်ပေါ်လာရေးကို အဟန့်အတားတွေ ဖြစ်နေပါတယ်။”

လယ်သမားတွေကို အာဏာပိုင်တွေက ဥပဒေနဲ့မညီပြုမူချက်တွေ၊ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မတ်လပိုင်းတုန်းက  သမ္မတထံ စုပေါင်းတင်ပြဖူးပြီး ဘာမှ မလုပ်ပေးပါဘူးလို့ ဦးသန်းဦးက ပြောပါတယ်။

တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမားသမဂ္ဂရဲ့ ခေါင်းဆောင် ဦးသန်းဆွေက လယ်သမားတွေကို သမဂ္ဂဖွဲ့စည်းခွင့်နဲ့ပတ်သက်လို့ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ပုံဟာ ဥပဒေနဲ့မညီဘူးလို့ ဝေဖန်ပါတယ်။

“ကျနော်တို့ကို သက်သက်မဲ့ သမဂ္ဂတွေကို ဖွဲ့စည်းလို့မရအောင် နှောင့်နှေးအောင် တမင် လုပ်တယ်လို့ ကျနော်တို့ ယူဆတယ်။ ကျနော်တို့ တင်ပြပြီးပြီလေ။ ဥပဒေနဲ့အညီ ဆောင်ရွက်ပေး ပါ။ ကိုယ်လုပ်ရမယ့်အလုပ် သူများ လုပ်ခိုင်းနေတာကို လက်မခံဘူးဆိုတဲ့အကြောင်းကို ကျနော်တို့ တင်ပြပြီးပါပြီ။ အဲဒီလို တင်ပြပြီးထားတဲ့ဟာကို မလုပ်တာက သက်သက်မဲ့ နှောင့်နှေးအောင် လုပ်တာလို့ ကျနော်က ပြောတာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013