ထိုင်းအချုပ်ထောင်က ပြန်လွတ်လာသည့် မြန်မာအလုပ်သမား ၇၅ ဦး နေရပ်ပြန်
DVB
·
January 8, 2019
ထိုင်းနိုင်ငံ အချုပ်ထောင်တွေကနေ ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာအလုပ်သမား ၇၅ ဦးဟာ ဇန်နဝါရီ ၇ ရက်က တနင်္သာရီတိုင်း၊ ကော့သောင်းနယ်စိတ်ဂိတ်ကို ပြန်လည် ရောက်ရှိလာပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၇၅ ဦးဟာ ထိုင်းနိုင်ငံအတွင်းမှာ အထောက်ထားမဲ့ အလုပ်လုပ်ကိုင်နေတာကြောင့် ထိုင်းနိုင်ငံလဝက ဥပဒေအရ အအရေးယူခံရပြီး လွတ်ရက်ပြည့်တဲ့ အတွက် အခုလိုပြန်လည် ရောက်ရှိလာတာပါ။
ပြန်လည်ရောက်ရှိလာသူတွေကို ကော့သောင်းမြို့ တာဝန်ရှိသူတွေက ကျန်းမာရေးေ စောင့်ရှောက်ပေးပြီး နေရပ်ကိုပြန်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။
အဲဒီရွှေ့ပြောင်းလုပ်သားတွေထဲမှာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်ကသူတွေပါဝင်ပါတယ်။
ထိုင်းနိုင်ငံအချုပ်ကနေ ပြန်လည်လွတ်မြောက်လာသူတွေကို လက်ခံပြီး နေရပ်ပြန်ပို့တာဟာ ၂၀၁၈ နိုဝင်ဘာကနေ ၂၀၁၉ ဇန်နဝါရီဆန်းအထိ လူဦးရေ ၆၃၀ ရှိသွားပြီလို့ လူဝင်မှုကြီးကြပ်ရေးဌာနက စာရင်းတွေအရ သိရပါတယ်။
လတ်ကိုဦး