Home
မြန်မာသတင်း
ပခုက္ကူတွင် မူးယစ်ဆေးဝါးမှုဖြင့် လူ ၅ ဦးကိုဖမ်းဆီး
DVB
·
January 8, 2019
49706008_959485987574815_2292560092706373632_o
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ  မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုနဲ့ လူ ၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း အရေးယူလိုက်ပါတယ်။ ဇန်န၀ါရီ ၇ ရက်က ပခုက္ကူမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စုပေါင်းပြီး ပခုက္ကူမြို့ရှောင်လမ်းမှာ ဆိုင်ကယ် တစီးကို စစ်ဆေးရာကနေ  မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းမိခဲ့တာပါ။ အမှုနောက်ဆက်တွဲအနေနဲ့ ဆက်လက်စုံစမ်းခဲ့ပြီး မူးယစ်ဆေးရောင်းချသူရော၊ သုံးစွဲသူအပါအဝင် မူးယစ်ဆေးနဲ့ ပတ်သက်သူလို့ ယူဆရသူ ၅ ဦးကို  88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆ ပြားနဲ့ မူးယစ်ဆေးသုံးစွဲရာမှာသုံးတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့ပါတယ်​။ ဖမ်းဆီးခံထားရသူ ၅ ဦးကို လတ်တလော ပခုက္ကူမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက်နေပါတယ်။ သတင်း - မြင့်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024