DVB Logo
Home
မြန်မာသတင်း
အသိမ်းခံထားရသည့် လယ်မြေဧက ၈၀၀ ကျော် ပြန်ရရေး တောင်းဆို
DVB
·
September 13, 2012
အသိမ်းခံထားရသည့် လယ်မြေဧက ၈၀၀ ကျော် ပြန်ရရေး တောင်းဆို
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် သက္ကသောင်ကျေးရွာအုပ်စု အောင်ခိုင်ရွာမှာ အသိမ်းခံထားတဲ့ လယ်မြေဧက ၈၀၀ ကျော် ပြန်ရဖို့ လယ်သမားတွေက တောင်းဆိုနေကြပါတယ်။

ဒီလယ်မြေတွေကို လယ်သမား ၅၄ ဦးက ပိုင်တာဖြစ်ပြါတယ်။ ပထမအကြိမ် လယ်မြေ ဧက ၂၀၀ ကျော်အသိမ်းခံရပြီး ဒုတိယအကြိမ် ၁၉၉၇ ခုနှစ်မှာ ဧက ၆၀၀ ကျော် အသိမ်းခံခဲ့ရတာလို့ လယ်သမားတဦးက ပြောပါတယ်။

“၈၆-၈၇ ခုနှစ်က ဗိုလ်ကြီး အုန်းသွင် ရောက်လာပြီး အဝပိတ် တမံအောက်ဘက်ခြမ်းမှာ ဧက ၂၀၀ ကျော်ကို ပထမ သိမ်းယူခဲ့ပါတယ်။ သိမ်းယူချိန်တုန်းကလည်း ဘာနစ်နာကြေးမှမပေးပါဘူး။ ဒုတိယအကြိမ် သိမ်းယူချိန်မှာ ၁၉၉၇ ခုနှစ် ဗိုလ်မှူးမင်းညိုရောက်လာပြီး ကျန်တဲ့ လယ်မြေဧက ၆၀၀ ကျော်ကို ရဲဘော်တွေ စေလွှတ်ပြီး ၅ ရက်အတွင်း ရွှေ့ပြောင်းပေး၊ မပြောင်းပေးရင် မီးရှို့ဖျက်စီးမယ်ဆိုပြီး အတင်း သိမ်းယူခဲ့ပါတယ်။”

လယ်တွေကို စစ်တပ်အနေနဲ့ သိမ်းတာလား၊ စစ်တပ် အရာရှိတွေကပဲ သိမ်းတာလား ဆိုတာ လယ်သမားတွေက ရှင်းရှင်းလင်းလင်း မသိဘူးလို့ ဆိုပါတယ်။

သိမ်းထားတဲ့ လယ်မြေတွေပေါ်မှာ ဗိုလ်မှူးကြီးတွေက အဆင့်ဆင့် လုပ်ကိုင်လာခဲ့ပြီး အခုအခါ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လယ်အငှားချပြီး ဆက်လက် လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

အောင်ခိုင် ကျေးရွာက လယ်သမား ၅၄ ဦးဟာ အနှစ် ၂၀ နီးပါး လယ်ယာမြေတွေကို လုပ်ကိုင်ခွင့် မရတာကြောင့် သူတို့အနေနဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကလေးပညာရေး ထောက်ပံ့ရာမှာ အခက်ကြုံနေရပါတယ်။

ဒါကြောင့် လယ်ယာမြေတွေ ပြန်လုပ်ကိုင်နိုင်ဖို့အတွက် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးတို့ကို စာပို့တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013