DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့ ရေဘေး ထပ်မံကြုံတွေ့ရ
DVB
·
September 13, 2012
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဥရုချောင်းရေလျှံလို့ ရပ်ကွက် ၄ ခုမှာ ရေဘေး ထပ်မံကြုံနေရပါတယ်။

ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီမနက် ၇ နာရီလောက်ကတည်းက ဥရု ချောင်းရေ တက်လာပြီး ဖားကန့်မြို့ပေါ်က ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနဲ့ မရှီကထောင်း ရပ်ကွက် ၄ ခုမှာ ရေဘေးကြုံနေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းက ပြောပြပါတယ်။

“ခါတိုင်းထက်ကို ဥရုချောင်း အမြင့် ရေက ၄ ပေ၊ ၅ ပေလောက် တက်လာတာ။ မရှီကထောင်းမှာ ဆို ဘေလီတံတားဘက် သွားမယ့်လမ်းမှာ ခါးလောက် ရှိနေတယ်။ ငှက်ပျောတော မြေနိမ့်ပိုင်း ဘက် ချောင်းဘေးဘက်မှာဆို လူတရပ်လောက် နည်းပါး အောက်ထပ်တွေ ဆို မြုပ်လုနီးပါး ရင်ဆို့ကျော်ကျော်လောက် ရှိနေတယ်။ ”

ရေတွေတက်လာတဲ့အတွက် ငှက်ပျောတော နှစ်ချင်းခရစ်ယာန်ကျောင်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း ကုန်းတွေပေါ်မှာ ပြောင်းရွှေ့သွားကြရတယ်လို့ သူက ပြောပါတယ်။

တချို့အိမ်ခြေမြင့်သူတွေကတော့ အိမ်ပေါ်မှာပဲနေပြီး အသွားအလာမရှိ သလောက် ဖြစ်နေတယ် လို့ ပြောပါတယ်။ ဒီရပ်ကွက်တွေဟာ နှစ်တိုင်လိုလို မိုးတွင်းကာလမှာ ရေမြုပ်တဲ့အတွက် အပျက်အစီး သိပ်မရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် တောင်ကျချောင်းရေဖြစ်တာကြောင့် တရက်နှစ်ရက်အတွင်း ပြန်ကျသွားတတ်တယ်လို့ လည်း ဦးလာဆိုင်းက ပြောပါတယ်။ လဆန်းပိုင်းတုန်းကလည်း ငှက်ပျောတောနဲ့ အေးမြသာယာ ရပ်ကွက်တွေ ရေနစ်မြုပ်ခဲ့ပြီး စစ်ပြေးဒုက္ခသည်တွေ ရေဘေးကြုံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013