ရန်ကုန်ယူနိုက်တက်ကို အနိုင်ယူပြီး ရှမ်းယူနိုက်တက် ချာရတီဖလား ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)
ဓာတ်ပုံ - MNL and Shan United
Published By
လွှမ်းမိုးအောင် | 7 January, 2019
1.8K
0
Share
0
Comment
0
Likes
ပြီးခဲ့တဲ့နှစ် လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နဲ့ ဒုတိယရခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ MFF ချာရတီဖလား ဗိုလ်လုပွဲမှာ ရှမ်းအသင်းက ပယ်နယ်တီ အဆုံးအဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။
ပွဲချိန်ပထမပိုင်းမှာ ရှမ်းအသင်းက အသစ်ခေါ်ယူထားတဲ့ ဘရာဇီးတိုက်စစ်မှူး မိုင်ကွန်က ဖရီးကစ်ကနေ ဦးဆောင်ဂိုး စသွင်းပေမယ့် ရန်ကုန်ယူနိုက်တက်နောက်ခံလူ မွန်ကာလူးက ဒုတိယပိုင်း ၅၂ မိနစ်မှာ ခေါက်တိုက်ပြီး ချေပဂိုးသွင်းခဲ့ပါတယ်။
မိနစ် ၉၀ ပြီးတဲ့အထိ တဂိုးစီဖြစ်နေလို့ ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ရပြီး ရှမ်းအသင်းဘက်က ဇွဲသက်ပိုင်တဦးပဲ လွဲချော်ခဲ့ပေမယ့် ရန်ကုန်အသင်းဘက်က ကြည်လင်းနဲ့ ကာဆူကီတို့ လွဲချော်ခဲ့တာကြောင့် ၅ ဂိုး ၄ ဂိုးနဲ့ ရှမ်းအသင်းက ချန်ပီယံဖြစ်ခဲ့တာပါ။
ရှမ်းယူနိုက်တက်အသင်းကို နည်းပြအဖြစ် လက်ရွေးစင်ဟောင်း ဦးမင်းသူက တာဝန်ယူနေတာဖြစ်ပြီး ပထမဆုံးပွဲမှာပဲ အနိုင်ရ ချန်ပီယံဆုဖလား ယူနိုင်ခဲ့လို့ ကျေနပ်မိတယ်လို့ ပြောပါတယ်။
ရှမ်းနဲ့ ရန်ကုန်တို့ဟာ ပြီးခဲ့တဲ့နှစ် ချာရတီဖလားမှာလည်း တွေ့ဆုံခဲ့ပြီး အဲဒီအချိန်တုန်းကတော့ ရန်ကုန်အသင်းက ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့ဖူးပါတယ်။
အခုပြိုင်ပွဲမှာ ကလပ်အသင်းတွေရဲ့ မတည်လှူဒါန်းငွေ အပါအဝင် ပရိသတ်တွေရဲ့ ကွင်းဝင်ကြေး စုစုပေါင်း ကျပ်သိန်း ၁၅၀ ခန့် ရရှိခဲ့ပြီး လူမှုအကျိုးပြု အဖွဲ့အစည်း ၅ ခုကို ပွဲအပြီးမှာ လှူဒါန်းခဲ့ပါတယ်။