အက်ဖ်အေဖလားတွင် မန်စီးတီးက ရိုသာဟမ်ယူနိုက်တက်ကို ၇ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ချန်ပီယံရှစ်ကလပ် ရိုသာဟမ်ယူနိုက်တက်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်စီးတီးက ၇ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအသင်းမှာ ဒဏ်ရာကနေ သက်သာလာတဲ့ အဓိက ကွင်းလယ်လူ ဒီဘရိုင်း ပါဝင်လာပြီး စတာလင်၊ မာရက်ဇ်၊ ဂျီးဆပ်စ်၊ ဖိုဒန်၊ ဂန်ဒိုဂန်၊ ဇင်ချန်ကို၊ အိုတာမန်ဒီ၊ စတုန်းစ်၊ ဝေါ်လ်ကာနဲ့ ဂိုးသမားအဖြစ် အီဒါဆန်တို့နဲ့ ပွဲထွက်လာပါတယ်။ ချန်ပီယံရှစ်ကလပ် ရိုသာဟမ်ယူနိုက်တက် အသင်းဟာ မန်စီးတီးကို အဘက်ဘက်က မယှဉ်နိုင်ဘဲ ဂိုးပြတ် အရှုံးပေးလိုက်ရတာပါ။ မန်စီးတီးအတွက် ပွဲချိန် ၁၂ မိနစ်မှာ စတာလင်၊ ၄၃ မိနစ်မှာ ဖိုဒန်နဲ့ ပထမပိုင်းပြီးခါနီးမှာ နာကျင်အချိန်ပိုမှာ ရိုသာဟမ်ယူနိုက်တက် ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းရာက ရရှိသွားပြီး ပထမပိုင်းမှာ မန်စီးတီးက ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အပြတ် အသာရခဲ့ပါတယ်။ ဒီ့နောက် မန်စီးတီးကပဲ ပွဲကို စိုးမိုးထားနိုင်ကာ ၅၂ မိနစ်မှာ ဂျီးဆပ်စ်၊ ၇၃ မိနစ်မှာ မာရက်ဇ်၊ ၇၈ မိနစ်မှာ အိုတာမန်ဒီနဲ့ ၈၅ မိနစ်မှာ လူစားဝင်ကစားသမား ဆာနေးတို့က သွင်းယူပေးခဲ့ပြီး ၇ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up