DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်များအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ကူညီသူ တရားစွဲခံရ
DVB
·
September 13, 2012
ဒုက္ခသည်များအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ကူညီသူ တရားစွဲခံရ
1 / 4
Donate to DVB

ရေဘေးသင့်သူတွေအတွက် ရန်ပုံငွေဂီတလှည့်လည်ဖျော်ဖြေပွဲကို ကူညီသူ မကွေးမြို့ခံ တဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲလိုက်ပါတယ်။

ဧရာဝတီရေဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာရာမှာ ကူညီတဲ့ မကွေးမြို့က ကိုမောင်မောင်စိုး ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရှောင်က ခွင့်ပြုမိန့်မတောင်းဘဲ ဂီတပွဲလုပ်ဆောင်မှုနဲ့ တရားစွဲဆိုစာ ကို စက်တင်ဘာ ၁၂ ရက်နေ့ မနက်က လက်ခံရရှိတယ်လို့ ကိုမောင်မောင်စိုး က ပြောပါတယ်။

[caption id="attachment_30741" align="alignright" width="276" caption="ကိုမောင်မောင်စိုး "][/caption]

လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့က ကိုရဲလွင်၊ ကိုတိုးလွင်၊ ကိုသားထွေးတို့ဟာ မကွေးတိုင်း ချောက်၊ ရေနံချောင်းနဲ့ မကွေးမြို့တို့မှာ ဂီတပွဲလှည့်လှည်ဖျော်ဖြေရာမှာ မကွေးမြို့ ပွဲစီစဉ်သူတွေကို အာဏာပိုင်တွေက တရားစွဲလိုက်တာပါ။

ဂီတဖျော်ဖြေပွဲအတွက် မကွေးမြို့က ပွင့်လင်းလူ့ဘောင် အဖွဲ့အစည်း၊ အန်အယ်လ်ဒီ ပါတီနဲ့ သွေးပါရမီရှင်အဖွဲ့တွေက စီစဉ်တာဖြစ်ပြီး ကိုမောင်မောင်စိုးက ခွင့်ပြုချက်တောင်းခံရာမှာ ဒီခရီးစဉ်ကို တင်ပြသူအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးထံ လက်မှတ်ထိုးပေးခဲ့တာဖြစ်ပါတယ်။

ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမောင်မောင်စိုးက ဒီဂီတဖျော်ဖြေပွဲ အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ခွင့်ပြုလို့ လုပ်တာပါလို့ ရှင်းပြပါတယ်။

“သူကိုယ်တိုင်ပြောတာက ဒါလုပ်ရမှာပေါ့တဲ့။ ကျနော်တို့တွေက အခု ပွင့်လင်းတဲ့ အချိန်ရောက်နေပြီ၊ ရန်သူတွေလည်းမဟုတ်ဘူးတဲ့ မိတ်ဆွေတွေချည်းပဲတဲ့ လုပ်ပါ လုပ်ပါတဲ့။ သူ့ရဲ့ နှုတ်မိန့်ဆိုတော့ ယုံပြီးသားပဲလေ။ အုပ်ချုပ်ရေးမှူးတယောက်ရဲ့ စကားပဲ၊ ဘာမှလည်း ကျနော်တို့က အသံဖမ်းထားစရာမလိုဘူးလေ။ ကျနော်တယောက်တည်း သွားရင်တောင် ကျနော်က လီဆယ်ရာရောက်မယ်။ အခုက ၃ ယောက်သွားတာ၊ နားနဲ့ဆတ်ဆက်ကြားခဲ့တာလေ။ သူကိုယ်တိုင် အပေါက်ဝနားထိ ပခုံးဖက်ပြီး ရင်းရင်းနှီးနှီးနဲ့ လုပ်ပါတဲ့ ၇ ရက်နေ့လုပ်ဆိုပြီးပြောတယ်။”

[caption id="attachment_30742" align="alignleft" width="275" caption="ကိုသားထွေး"][/caption]

မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် နှုတ်နဲ့ ခွင့်ပြုချက်ရလို့ လုပ်ပေမယ့် စက်တင်ဘာ ၇ ရက် လှည့်လှည်ဖျော်ဖြေရာ မှာတော့ နေ့ခင်းပိုင်းမှာ လာရောက်ခေါ်ဆောင်ပြီး   ဒီလှည့်လှည်ဖျော်ဖြေပွဲ ကရတဲ့ ငွေတွေကို သူတို့ကိုလွှဲပေးဖို့နဲ့ သူတို့က သွားကူညီမယ် လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ကိုသားထွေးတို့က လက်မခံဘဲ ပြန်လာပြီး ဖျော်ဖြေပွဲကို ဆက်လက် လုပ်ဆောင်ကြပါတယ်။

ဒီနောက် ၄ ရက်အကြာမှာတော့ ကိုမောင်မောင်စိုးကို မကွေးမြို့အုပ်ချုပ်ရေးမှူး ဦးလှရှောင်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တရားစွဲဆိုမှုအပေါ် ပန်းရဲ့လမ်းအဖွဲ့က ကိုသားထွေးကို မေးရာမှာ အုပ်ချုပ်ရေးမှူးတွေက သူတို့ထံက ရန်ပုံငွေကို အလှူခံတဲ့အတွက် တရားဝင်ခွင့်ပြုထားတယ်လို့ ယူဆတဲ့အကြောင်းနဲ့ တရားစွဲဆိုတာတော့ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မေးမြန်းဖို့ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရှောင်ကို အကြိမ်ကြိမ် ဖုန်းဆက်ပေမယ့် မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013