အိန္ဒိယက ဓာတ်ငွေ့သင့်ခဲ့သူတွေအတွက် မျှော်လင့်ချက်အသစ်
DVB
·
September 13, 2012

လွန်ခဲ့တဲ့ ၂၈ နှစ်တုန်းက အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဟယာပရာဒတ် ပြည်နယ်၊ ဘိုပါမြို့က ယူနီယံ ကာဘိုက်စက်ရုံ ဓာတ်ငွေ့စိမ့်ထွက်မှုကြီးကြောင့် လူထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ ဒီစက်မှုလုပ်ငန်း မတော်တဆဖြစ်မှုဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးဖြစ်ရပ်တခုအဖြစ် လူသိများပါတယ်။ မတော်တဆမှုဖြစ်ပြီးတဲ့ နောက်မှာလည်း ဘိုပါမြို့တ၀ိုက်က လူတွေဟာ အဆိပ်ဓာတ်သင့်နေတဲ့ ရေတွေနဲ့ပဲ အသက်ရှင်နေထိုင်လာကြတာ နှစ်တွေတောင် အတော်ကြာခဲ့ပါပြီ။ မျှော်လင့်ချက်လည်း ကင်းမဲ့သလို ဖြစ်လာကြပါတယ်။
ဒီလိုနဲ့ လွန်ခဲ့တဲ့ လတုန်းကတော့ စက်ရုံတွေထဲက အဆိပ်သင့်နေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားဖို့ အိန္ဒိယရဲ့ ဗဟိုတရားရုံးချုပ်ကနေ အစိုးရကို ညွှန်ကြားလိုက်ပါတယ်။ ဒီလိုညွှန်ကြားလိုက်ရင် အခြေအနေတွေ အားလုံးကောင်းသွားတော့မလား။ ဘိုပါမြို့ခံတွေကို မေးမြန်းထားတဲ့ ဆူရီယာ နီယာဇီရဲ့ သတင်းဆောင်းပါးမှာ နားဆင်နိုင်ပါတယ်၊၊