DVB Logo
Home
မြန်မာသတင်း
ကချင်ထိုးစစ်မရပ်ရင် အစိုးရနှင့် ဆက်ဆံရေးဆိုင်းငံ့ထားရန် အီးအန်စီ တိုက်တွန်း
DVB
·
September 12, 2012
ကချင်ထိုးစစ်မရပ်ရင် အစိုးရနှင့် ဆက်ဆံရေးဆိုင်းငံ့ထားရန် အီးအန်စီ တိုက်တွန်း
Donate to DVB

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က  ဆက်လက် ထိုးစစ်ဆင်နေရင်   အစိုးရနဲ့ ထိတွေ့ ဆက်ဆံမှုတွေ အားလုံး ဆိုင်းငံ့ထားဖို့ တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ)က  အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကို တိုက်တွန်းလိုက် ပါတယ်။

ထိုင်းနိုင်ငံမှာ  ၂ ရက်ကြာကျင်းပတဲ့  တိုင်းရင်းသားလူမျိုးများကောင်စီရဲ့ အစည်းအဝေးအပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှာ အခုလို ကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက်တာပါ။

[caption id="attachment_25027" align="alignleft" width="300" caption="ဒေါက်တာ​ရွှေခါး​"][/caption]

အီးအန်စီ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆလိုင်း ရွှေခါးက

“ကချင်ပြည်မှာဖြစ်နေတဲ့ ထိုးစစ်တွေဟာ ဆိုရင် တကယ်ဆို သမ္မတ ဦးသိန်းစိန်က ထိုးစစ်တွေကို ရပ်ဖို့အတွက် အမိန့်ပေးပေမယ့်လည်း မြန်မာ့ စစ်တပ်က ဆက်လုပ်ဆောင်နေတဲ့ အပေါ်မှာ စိုးရိမ်တာပေါ့။ တကယ်လို့ ဆက်ပြီး ထိုးစစ်ဆင်နေမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ စေ့စပ်ညှိနှိုင်းတာကို ဆိုင်းငံ့ဖို့၊ အဲဒီအရေးလုပ်ဖို့အတွက် အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တိုက်တွန်းထားတယ်။”

အီးအန်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရခဲ့တဲ့အပေါ် ကြိုဆိုပေမယ့် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကို စိုးရိမ်ပူပန်တဲ့အကြောင်း ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်အောင် ဆက်လုပ်ဖို့လည်း တိုက်တွန်းပါတယ်။

ဒါ့ပြင် ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် ၉ သောင်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ပေးဖို့၊ ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် အသက်တွေဆုံးရှုံးပြီး အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အပေါ် ပြည်ထောင်စုအစိုးရက တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းပေးဖို့လည်း အီးအန်စီရဲ့ သဘောထားကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပင်လုံကဲ့သို့ ညီလာခံကျင်းပနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသားတွေ ကြိုတင် ညှိနှိုင်းကြဖို့ လိုတယ်လို့ အီးအန်စီခေါင်းဆောင်တွေ အကြား သဘောတူညီမှုရ ခဲ့တယ်လို့လည်း ဒေါက်တာ ဆလိုင်းရွှေခါးက ပြောပါတယ်။

အီးအန်စီအဖွဲ့ကို စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့နဲ့  မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့ ရည်ရွယ်ပြီး ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း၊ မွန်နဲ့ ကရင် စတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တချို့နဲ့   ၂၀၀၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ် ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013