Saturday, June 10, 2023
HomeLead Storyကမ္ဘောဒီးယားနိုင်ငံ၏ ရိုးရာအက တိမ်မြုပ်ပျောက်ကွယ်မသွားရန် ကြိုးပမ်း (ရုပ်သံ)

ကမ္ဘောဒီးယားနိုင်ငံ၏ ရိုးရာအက တိမ်မြုပ်ပျောက်ကွယ်မသွားရန် ကြိုးပမ်း (ရုပ်သံ)


ကမ္ဘောဒီးယားနိုင်ငံရဲ့ ရိုးရာ မျက်နှ်ာဖုံးတပ် “လက်ခန်းခိုး” အကကို တိမ်မြုပ်ပျောက်ကွယ် မသွားအောင် ကချေသည်တွေနဲ့ အကဆရာတွေ ကြိုးပမ်းနေကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒေါပြည်နယ်က မင်္ဂလာမဏ္ဍပ်တခုမှာ မျက်နှာဖုံးတပ် ကချေသည်တွေက ရိုးရာ လက်ခန်းခိုး အကနဲ့ တင်ဆက်ဖျော်ဖြေနေကြတာဖြစ်ပါတယ်။

အခုအခါ လက်ခန်းခိုးအက ကတတ်သူ ၅ ဦးသာ ကျန်တော့ပြီး သူတို့ဟာ အဲဒီအကကို မျိုးဆက်သစ်လူငယ်တွေထံ လက်ဆင့်ကမ်းပေးနေကြပါတယ်။

“မူရင်း လက်ခန်းခိုး အကဆရာတွေ  ပပျောက်သွားမှာကို ကျမတို့ အလွန်စိုးရိမ်ပါတယ်။ ခမာနီ လက်ထက်တုန်းက အသက်ရှင်ကျန်ခဲ့တဲ့ အကဆရာ ၁၅ ယောက် ရှိခဲ့ပါတယ်။ သူတို့က ကျောင်းသားတွေကို အကပညာ သင်ပေးလာတာ။ အခုတော့ ၁၀ ယောက် ဆုံးသွားပြီ။  ၀က်စမိုင်အွန်ဒက်မှာ ၅ ယောက်ပဲ ကျန်တော့တယ်” လို့ ကမ္ဘောဒီးယား ယာဉ်ကျေးမှုနဲ့ အနုပညာဝန်ကြီး ဖူနန်း ဆက်ကိုနာက ပြောပါတယ်။

ကမ္ဘောဒီးယားရဲ့ လက်ခန်းခိုးအကဟာ အိန္ဒိယ ရာမာရဏ ပြဇာတ်ကို မှီငြမ်းပြီး  နှစ်စဉ် နှစ်တိုင်း မိုးရာသီဆိုရင် ကဇာတ်ရုံတွေမှာ တင်ဆက်ဖျော်ဖြေလေ့ရှိပါတယ်။

အဲဒီ လက်ခန်းခိုးအကကို အလျင်အမြန် ထိန်းသိမ်းဖို့ လိုအပ်တဲ့ ယူနက်စကိုရဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ထည့်သွင်းခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ဘိုးဘေးတွေလက်ထက်ကတည်းက ဒီလက်ခန်းခိုး အကကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တာပါ။ ကျနော့်လက်ထက်မှာ ဒီအကပညာ တိမ်မြုပ် ပျောက်ကွယ်မသွားအောင် ကြိုးစားပြီး နောင်လာနောင်သားတွေကို သင်ပေးရမှာ ဖြစ်ပါတယ်” လို့ လက်ခန်းခိုး အကဆရာ ဆွန်ရသီက ပြောပါတယ်။

ဆွန်ရသီနဲ့ တခြား အကဆရာ ၄ ဦးတို့ဟာ တနေ့ကို ၆ နာရီနဲ့ တပတ် ၂ ကြိမ် လူငယ် မျိုးဆက်သစ်တွေကို ရိုးရာ လက်ခန်းခိုးအက သင်ကြားပေးနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular