Saturday, June 10, 2023
HomeLead Storyဖျာပုံမြို့နယ်​၊  ချောင်းဝ​ရွာတွင်​ နေအိမ် ၁၆၀ ​ကျော်​မီး​လောင်​၊ လူ ၆၀၀ မီး​ဘေးသင့်

ဖျာပုံမြို့နယ်​၊  ချောင်းဝ​ရွာတွင်​ နေအိမ် ၁၆၀ ​ကျော်​မီး​လောင်​၊ လူ ၆၀၀ မီး​ဘေးသင့်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာမှာ  ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ လောက်က မီးလောင်မှုဖြစ်ပွားလို့ နေအိမ် ၁၆၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၆၀၀ အိုးမဲ့အိမ် မဲ့ဖြစ်ခဲ့ရတယ်လို့ ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနက သိရပါတယ်​။

မနေ့ မွန်းလွဲပိုင်းက ​ချောင်းဝ​ကျေးရွာရှိ ​ဒေါ်​ဌေးကြိုင်​ ပုဇွန်​​ရွေးအ လုပ်​သွား​ရောက်​လုပ်​ကိုင်​​နေစဉ်​ နေအိမ်မီးဖို​ချောင်​ မီးကြွင်းမီးကျန်​ကနေ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

ချောင်းဝ ​ကျေးရွာ​နေ ကိုနိုင်​ဝင်းထွန်းက “ရွာမှာမီးက ​နေလယ်​ ၁နာရီ ၊၂နာရီ လောက်​ စတင်​​လောင်းကျွမ်းတာပါ။ မီး​လောင်​​တော့ အရင်​ဆုံး လူ​တွေထွက်​လာပါတယ်​။ နောက်​ပိုင်းကျ​တော့ လူ​တွေအုံလာတယ်​။ အဖွဲ့အစည်း​တွေပါ ဝိုင်းငြှိမ်းကြတယ်​။ မနိုင်​ဘူး​လေ။ မနိုင်​​တော့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက မြို့နယ်​ကို ဖုန်းဆက်​တယ်​။ မီး​လောင်​တဲ့အထဲမှာ ​ရေလုပ်​ငန်း ​ရေစင်​​တွေ၊ ကုန်​စုံဆိုင်​​တွေပါသွားတယ်​၊ ဝက်​​တွေ၊ကြက်​​တွေလည်း မီး​လောင်​တဲ့ အထဲ ပါသွားတာ​ပေါ့”လို့ ပြောပါတယ်​။

မီး​လောင်​ရာသို့ ရွာသား ၃၀၀) ကျော်​၊ အရန်​မီးသတ်​တပ်​ဖွဲ့ဝင်​၁၅ဦးတို့က ​ရေစုပ်​စက်​ ၈လုံးနဲ့ ငြှိမ်းသတ်​ခဲ့ရာ ညနေ ၃း၂၀ အချိန်​တွင်​ မီးငြိမ်းသွားခဲ့​ပြီး ည​နေပိုင်းအထိ မီးကြွင်းမီးကျန်​တွေ ဆက်​လက်​ငြှိမ်းသတ်​ ခဲ့ရပါတယ်​။

မီးလောင်မှုကြောင့် အိမ်​​ထောင်​စု ၁၆၇စု၊ ကျား ၂၅၈ ဦး၊ မ ၃၄၂ ဦး စုစု​ပေါင်း ၆၀၀ ဦး အိုးမဲ့အိမ်​မဲ့ဖြစ်​ခဲ့ပြီး ပျဉ်​​ထောင်​အိမ်​ ၂၅ လုံး၊ အုတ်​ကာ အုတ်​ခင်း နှစ်ထပ်​တိုက်​ ၉ လုံး၊ ဓနိမိုး ဓနိကာ ဝါးခင်း​နေအိမ်​ ၁၃၃ လုံး စုစု​ပေါင်း​နေအိမ်​ ၁၆၇ လုံး မီး​လောင်​ကျွမ်းခဲ့ရာ စုစု​ပေါင်း ကျပ် ၂၄.၅၆၅,၀၀၀ တန်ဖိုးလောက် ပျက်​ဆီးဆုံးရှုံးခဲ့​တယ်လို့ မီးသတ်​ဌာနက သိရပါတယ်​။

အဆိုပါမီး​လောင်​မှု​ကြောင့် မီး​ပေါ့ဆစွာသုံးစွဲသူ ​ဒေါ်​ဌေးကြိုင်​ကို ဒုရဲအုပ်​ စိုးထက်​လင်းက တရားလိုပြုလုပ်​၍ ​ဒေါ်ညိမ်းနယ်​​မြေရဲစခန်းမှာ (ပ)၂/၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၂၈၅ မီးပေါ့ဆမှုနဲ့ အမှုဖွင့်လှစ်​ထား​ပါတယ်​။

အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ မီးဘေးဒုက္ခသည်တွေကိုတော့  ​ချောင်းဝကျေးရွာရှိ သာသနာ့တံခွန် ​ဗိမာန်​​တော်​ကြီးမှာ နေရာချထားပေးထားပြီး သက်ဆိုင်ရာ တာဝန်​ရှိသူတွေက အရေး ပေါ် အကူအညီတွေ ပေးနေပါတယ်။

မီးလောင်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာရ သေဆုံးတာမရှိပေမယ့်  ဝက် ၂ ကောင် သေဆုံးသွားပါတယ်။

သတင်း – ​ကျော်​စိုးမိုး

ဓာတ်ပုံ-Myanmar Alin 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular