ရွေးကောက်တင်မြှောက်ခံရသည့် အမေရိကန် အထက်လွှတ်တော်အမတ်များ ကျမ်းကျိန်

မစ်ရွမ်နေ၊ ဘာနီဆန်ဒါးစ်နဲ့ အဲလိဇဘတ်ဝါရန်တို့ အပါအဝင် အသစ်နဲ့ ပြန်လည် ရွေးကောက်တင်မြှောက်ခံ အထက်လွှတ်တော်အမတ်တွေဟာ ဇန်နဝါရီ ၃ ရက်နေ့က အမေရိကန် ဒုသမ္မတ မိုက်ပန့်စ် ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ အမေရိကန်သမ္မတ ထရမ့်က နယ်စပ်တံတိုင်း တည်ဆောက်ရေး ရန်ပုံငွေ တောင်းခံမှုကြောင့် အစိုးရယန္တရား ရပ်တန့်ခဲ့ပါတယ်။ အစိုးရအေဂျင်စီတွေကို ရန်ပုံငွေ ထောက်ပံ့ပေးတဲ့ အစိတ်အပိုင်းအဖြစ် အဲဒီလို တောင်းခံမှုကို ဒီမိုကရက်တွေက ဆန့်ကျင်ပါတယ်။ ဒီအတွက် ဖက်ဒရယ်အစိုးရအဖွဲ့ရဲ့ လေးပုံတပုံ လုပ်ငန်းရပ်တန့်ပြီး ဝန်ထမ်း ၈ သိန်း ထိခိုက်ခဲ့ရပါတယ်။ ရီပတ်ဘလစ်ကန်တဦးဖြစ်သူ အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်က သမ္မတ ထရမ့် လက်မှတ်ထိုးနိုင်ဖွယ်မရှိတဲ့ ဘယ်လိုအဆိုပြုချက်ကိုမှ လက်ခံမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up