DVB Logo
Home
မြန်မာသတင်း
ငြိမ်း​ချမ်း​ရေး​နှင့်​ လူမှုအဖွဲ့​အစည်း​ ​ဆွေး​နွေး​ပွဲကျင်း​ပ
DVB
·
September 12, 2012
ငြိမ်း​ချမ်း​ရေး​နှင့်​ လူမှုအဖွဲ့​အစည်း​ ​ဆွေး​နွေး​ပွဲကျင်း​ပ
Donate to DVB

ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ လုပ်ငန်း​စဉ်​တွေမှာ အစိုး​ရ မဟုတ်တဲ့​ လူမှုအဖွဲ့​အစည်း​တွေဟာ ဘယ်အခန်း​ကဏ္ဍက ပါဝင်နိုင်ကြမလဲဆိုတာကို ရန်ကုန်မှာ ​ဆွေး​နွေး​ဖလှယ်​နေကြပါတယ်။

ပြည်တွင်း​က ငြိမ်း​ဖောင်​ဒေး​ရှင်း​နဲ့​ ဂျာမနီက အန်ဂျီအိုတခု၊​ ဗြိတိသျှအစိုး​ရတို့​ ​ပေါင်း​ပြီး​ Civil society forum for Peace အမည်နဲ့​ ​ဆွေး​နွေး​ပွဲတခုကို စက်တင်ဘာလ ၁၀ ရက်ကစလို့​ ၃ ရက်ကြာ ကျင်း​ပ​နေတာ ဖြစ်ပါတယ်။

ဆွေး​နွေး​ပွဲမှာ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှုနဲ့​ ပတ်သက်ပြီး​ နိုင်ငံတကာ အ​တွေ့​အကြုံ​တွေကို ဖလှယ်ကြတယ်လို့​ ​ဆွေး​နွေး​ပွဲကို ​လေ့​လာသူတဦး​အ​နေနဲ့​ တက်​ရောက်ခဲ့​တဲ့​ ရန်ကုန်​ရောက် ငြိမ်း​ချမ်း​ရေး​ အကျိုး​တော်​ဆောင် ဦး​ညိုအုန်း​မြင့်​က ​ပြောပါတယ်။

“တိုင်း​ရင်း​သား​တွေရဲ့​ အခန်း​ကဏ္ဍ​တွေရဲ့​ ငြိမ်း​ချမ်း​ရေး​ဖြစ်စဉ်မှာ နိုင်ငံတကာက အ​တွေ့​အကြုံ​တွေ၊​ အင်ဒိုနီး​ရှား​ အ​တွေ့​အကြုံ၊​ က​မ္ဘောဒီး​ယား​ အ​တွေ့​အကြုံ၊​ ဖိလစ်ပိုင် အ​တွေ့​အကြုံ​တွေကို ဖလှယ်တဲ့​ပွဲ ဖြစ်ပါတယ်။ တိုင်း​ပြည်မှာ ဘယ်လိုမျိုး​ ငြိမ်း​ချမ်း​အောင် ​ဆောင်ရွက်ကြမလဲ။ လူမှုအဖွဲ့​အစည်း​မှာ လူငယ်​တွေ ဘယ်လိုပါမလဲဆိုတဲ့​ဟာရဲ့​ လုပ်ငန်း​စဉ်တခုလို့​ ကျ​နော်ထင်ပါတယ်။”

ဆွေး​နွေး​ပွဲကို လူမှုအဖွဲ့​အစည်း​ ၇၀ က ကိုယ်စား​လှယ်​တွေနဲ့​ တိုင်း​ရင်း​သား​လူငယ်​တွေ တက်​ရောက်​ဆွေး​နွေး​နေကြတယ်လို့​လည်း​ ​ပြောပါတယ်။

သမ္မတရဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ လုပ်ငန်း​စဉ်​တွေကိုလည်း​ ငြိမ်း​ချမ်း​ရေး​ အကျိုး​တော်​ဆောင်တဦး​ဖြစ်တဲ့​ ဦး​လှ​မောင်​ရွှေက ရှင်း​လင်း​ ​ပြောပြခဲ့​ပါတယ်။

အခုလို​ဆွေး​နွေး​ပွဲ​တွေက​နေ နား​လည်မှု တည်​ဆောက်နိုင်ပြီး​ ငြိမ်း​ချမ်း​ရေး​အတွက် အ​ထောက်အကူပြုနိုင်တယ်လို့​ ဦး​ညိုအုန်း​မြင့်​က ​ပြောပါတယ်။

“ဒီလိုမျိုး​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ဖြစ်တဲ့​အခါမှာ ထိပ်ပိုင်း​မှာချည်း​ပဲ သ​ဘောတူတာထက် စာရင် အဆင့်​တိုင်း​ လူမှုအဖွဲ့​အစည်း​တွေ၊​ တိုင်း​ရင်း​သား​တွေမှာလည်း​ အပြန်အလှန် တဦး​နဲ့​တဦး​ နား​လည်မှုရှိရင်၊​ ပိုပြီး​တော့​ ယုံကြည်မှု တည်​ဆောက်နိုင်မယ်ဆိုရင် ကျ​နော်တို့​ မြန်မာနိုင်ငံ သမ္မတကြီး​ရဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ လုပ်ငန်း​စဉ်မှာ အ​ထောက်အကူ ဖြစ်မယ်လို့​ ကျ​နော်ထင်ပါတယ်။”

ငြိမ်း​ဖောင်​ဒေး​ရှင်း​က​နေ အခုလို​ဆွေး​နွေး​ပွဲမျိုး​ ဒီနှစ် ဇူလိုင်လထဲ တကြိမ် ကျင်း​ပခဲ့​ဖူး​ပြီး​ အခုတကြိမ်က ဒုတိယအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013