DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကသတင်း​စာ ခုကတည်း​က ထုတ်​ဝေခွင့်​ပေး​ဖို့​ သမ္မတထံ စာပို့
DVB
·
September 12, 2012
Donate to DVB

ပုဂ္ဂလိကသတင်း​စာထုတ်​ဝေခွင့်​ကို အခုကတည်း​က ခွင့်​ပြု​ပေး​ဖို့​ ဂျာနယ် ၇ ခုရဲ့​ အမှု​ဆောင်အရာရှိချုပ်​တွေ လက်မှတ်ထိုး​ပြီး​ သမ္မတကို ​တောင်း​ဆိုလိုက်ပါတယ်။

ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​အောင်ကြည်မှတဆင့်​ စက်တင်ဘာ ၁၀ ရက်​နေ့​က သမ္မတထံ လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆိုလိုက်ကြတာ ဖြစ်ပါတယ်။

စာ​ရေး​သား​တင်ပြရတဲ့​ အ​ကြောင်း​ရင်း​တချို့​ကို ​ပေါ်ပြူလာဂျာနယ် ထုတ်​ဝေ​နေတဲ့​ Asian Fame Media Group အမှု​ဆောင်အရာရှိချုပ် ​ဒေါ်နန်း​ကလျာဝင်း​က အခုလို ​ပြောပါတယ်။

“ရင်း​နှီး​မြှုပ်နှံမှု​တွေက နည်း​နည်း​များ​တဲ့​အတွက်​ကြောင့်​ ​နောက်ပြီး​ အချိန်ကလည်း​ နည်း​နည်း​ယူရမှာ ဖြစ်တဲ့​အတွက် အခု​လောက်ကတည်း​က ကျမတို့​သိထား​ရရင် ​နောက် ၁ နှစ် ဒါမှမဟုတ် ၆ လ​လောက်ကျမှ အဆင်သင့်​ ဖြစ်နိုင်မှာမို့​ ကျမတို့​က ပြန်​မေး​ပြီး​ တင်တဲ့​သ​ဘောမျိုး​ပါပဲ။ ပြင်ဆင်ချိန်လည်း​ ပါသလို တချို့​ကျ​တော့​လည်း​ ရင်း​နှီး​မြှုပ်နှံမှုက ကြီး​တဲ့​အခါ မ​သေချာဘဲနဲ့​ ဘယ်သူမှ မရင်း​ချင်ကြတဲ့​အပိုင်း​ ရှိတယ်​လေ။ ကျမတို့​ဘက်က အ​ခြေအ​နေ​လေး​တွေလည်း​ သိ​စေချင်တာလည်း​ ပါပါတယ်။ အခု​ပေး​ရင် အခုထုတ်လို့​ မရနိုင်တဲ့​ အ​ခြေအ​နေမျိုး​လေး​တွေကို တင်ပြတဲ့​ သ​ဘောမျိုး​ပါပဲ။”

သူတို့​ ၇ ဦး​ လက်မှတ်ထိုး​ ​ပေး​ပို့​လိုက်တယ် ဆို​ပေမယ့်​ သတင်း​စာ ထုတ်​ဝေလိုသူ​တွေ အား​လုံး​အတွက် တင်ပြတာဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။

ဒါ့​အပြင် မီဒီယာဥပ​ဒေပြဋ္ဌာန်း​ဖို့​က အချိန်ယူရဦး​မှာမို့​ လက်ရှိရှိ​နေတဲ့​ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ​နှင့်​ ထုတ်​ဝေသူများ​ မှတ်ပုံတင်ဥပ​ဒေအရ ပုဂ္ဂလိက သတင်း​စာ​တွေ ထုတ်​ဝေခွင့်​ ​ပေး​ဖူး​တဲ့​အတွက် အခုလည်း​ အဲ့​ဒီဥပ​ဒေနဲ့​ ထုတ်​ဝေခွင့်​ ပြုသင့်​တဲ့​ အ​ကြောင်း​ သမ္မတထံ ​ပေး​ပို့​တဲ့​စာမှာ ​ဖော်ပြထား​ပါတယ်။

လက်မှတ်​ရေး​ထိုး​ တင်ပြခဲ့​သူ​တွေက​တော့​ ​ဒေါက်တာ သန်း​ထွဋ်​အောင် (Eleven Media Group)၊​ ​ဒေါက်တာတင်ထွန်း​ဦး​( MCM Co., Ltd)၊​ ဦး​သောင်း​စုငြိမ်း​ (Information Matrix Co., Ltd)၊​ ​ဒေါ်ဝင်း​ကလျာ​ဆွေ( Living Color Media)၊​ ​ဒေါ်နန်း​ကလျာဝင်း​(Asian Fame Media Group)၊​ ​ဒေါက်တာခင်မိုး​မိုး​(Swe Sone Media Group)နှင့်​ ဦး​ဇော်မင်း​အေး​ (မိုး​ဆန်း​ပန်း​ မီဒီယာ) တို့​ ဖြစ်ကြပါတယ်။

ပုဂ္ဂလိကသတင်း​စာထုတ်​ဝေခွင့်​ကို လာမယ့်​ နှစ်ဆန်း​ပိုင်း​လောက် ခွင့်​ပြုဖို့​ရှိတယ်လို့​ ပြန်ကြား​ရေး​ဝန်ကြီး​အသစ် ဦး​အောင်ကြည်က မြန်မာတိုင်မ်း​ဂျာနယ်နဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ချက်တခုမှာ ​ပြောကြား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013