အမေရိကန်အစိုးရယန္တရား ရပ်တန့်မှု တစိတ်တပိုင်း အဆုံးသတ်စေမည့် ဥပဒေကြမ်း ပြဋ္ဌာန်း

ဒီမိုကရက်တွေ ကြီးစိုးတဲ့ အမေရိကန် အောက်လွှတ်တော်သစ်က အစိုးရယန္တရား ရပ်တန့်တာကို တစိတ်တပိုင်း အဆုံးသတ်စေမယ့် ဥပဒေကြမ်းတွေကို ဇန်နဝါရီ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကြမ်းတွေမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်-မက္ကဆီကို တံတိုင်းတည်ဆောက်ရေးအတွက် ရန်ပုံငွေ မပါဝင်တာကြောင့် သမ္မတ ထရမ့်က လက်မှတ်မထိုးဘူးလို့ ပြောထားပါတယ်။ သမ္မတ ထရမ့်ရဲ့ ဗီတိုအာဏာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာကြောင့် အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်က အထက်လွှတ်တော်ဟာ အောက်လွှတ်တော်ရဲ့ အဆိုပြုချက်ကို အချိန်ကုန်ခံ သဘောတူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအတွက် ဥပဒေပြုအမတ်တွေနဲ့ အိမ်ဖြူတော်အကြား တံတိုင်းတည်ဆောက်ရေးနဲ့ ပတ်သက်လို့ ထွက်ပေါက်တွေ့မယ့် အခြေအနေမရှိ ဖြစ်သွားပါတယ်။ အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြမ်းတွေအရ နိုင်ငံခြားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ အလုပ်သမား၊ ဘဏ္ဍာရေးနဲ့ တခြားအေဂျင်စီတွေကို လက်ရှိ ဘဏ္ဍာရေးနှစ်ကုန် စက်တင်ဘာ ၃၀ ရက်နေ့အထိ ရန်ပုံငွေ ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up