လွိုင်ကော်တွင် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ

ဇန်န၀ါရီလ ၄ ရက် ကျရောက်တဲ့ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကယားပြည်​နယ်​၊ လွိုင်ကော်မြို့၊ ကန္ဒာဟေ၀န်ပန်းခြံရှိ ကျောက်သားရင်ပြင်မှာ ဒီမနက် ကျင်းပပါတယ်​။ အဆိုပါအခမ်းအနားမှာ ကယားပြည်​နယ်​ဝန်​ကြီးချုပ်​နဲ့ ပြည်​သူလူထု​တွေက နိုင်​ငံ​တော်​အလံနဲ့ လွတ်​လပ်​​ရေးအတွက်​ အသက်​​ပေးခဲ့တဲ့ ခေါင်း​ဆောင်​​တွေအပါအ၀င် ရဲ​ဘော်​​တွေကို အ​လေးပြုခဲ့ကြပါတယ်။ ဒါ့အပြင်​ ပြည်​နယ်​ဝန်​ကြီးချုပ် ​ဦးအယ်​လ်​​ဖောင်းရှိုက ၇၁ နှစ်​​မြောက်​ လွတ်​လပ်​​ရေး​နေ့ အထိမ်းမှတ်သဝဏ်​လွှာကို ဖတ်​ကြားခဲ့ပါတယ်​။ ဒီအခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ဥပဒေချုပ်နဲ့ စာရင်းစစ်ချုပ်၊ လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေ၊ ပြည်နယ်၊ခရိုင်နဲ့ မြို့နယ်အဆင့်က ဌာနဆိုင်ရာ တာဝန်ရှိသူ​တွေနဲ့ ပြည်​သူလူထု​တွေ တက်​​ရောက်​ခဲ့ပါတယ်​။ သတင်း/ ဓာတ်ပုံ - ခွန်းတူးတူး​လေး  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up