Friday, June 9, 2023
HomeLead Storyတရုတ်တွင် အိုင်ဖုန်းရောင်းအား နည်းမှုကြောင့် အမြတ်ငွေ လျှော့ချခန့်မှန်း

တရုတ်တွင် အိုင်ဖုန်းရောင်းအား နည်းမှုကြောင့် အမြတ်ငွေ လျှော့ချခန့်မှန်း

တရုတ်နိုင်ငံမှာ အိုင်ဖုန်းရောင်းအား နည်းတာကြောင့် နောက်ဆုံး ၃ လပတ် အမြတ်ငွေကို အက်ပဲလ် ကော်ပိုရေးရှင်းက ဇန်နဝါရီ ၂ ရက်နေ့မှာ လျှော့ချ ခန့်မှန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကုန်ဆုံးတဲ့ ပထမ ၃ လပတ်အတွက် အမြတ်ငွေကို ကုမ္ပဏီက  ဒေါ်လာ ၈၄ ဘီလျံ ခန့်မှန်းပြီး ဒါဟာ သုံးသပ်သူတွေ ခန့်မှန်းတဲ့ ဒေါ်လာ ၉၁ ဒသမ ၅ ဘီလျံအောက် လျော့နည်းခဲ့ပါတယ်။

မူလက အက်ပဲလ်ကုမ္ပဏီဟာ အမြတ်ငွေ ဒေါ်လာဘီလျံ ၈၉ နဲ့ ၉၃ ကြား ခန့်မှန်းထားတာပါ။

အိုင်ဖုန်း စတင်မိတ်ဆက်တဲ့ ၂၀၀၇ ခုနှစ်ကစလို့ ဒါဟာ အမြတ်ငွေထိန်းကျောင်းမှုနဲ့ ပတ်သက်လို့ အက်ပဲလ်ကုမ္ပဏီက ပထမဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

ကြေညာချက်မတိုင်မီ ရပ်တန့်ခဲ့တဲ့ အက်ပဲလ်ရှယ်ယာတွေဟာ ဈေးကွက်ပိတ်သိမ်းချိန်မှာ ၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးကို ဒေါ်လာ ဘီလျံ ၇၀၀ အောက် ဆွဲချခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular