Home
မြန်မာသတင်း
ငွေလိမ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဒေါ်နန္ဒမာလာကို အာမခံပေး
Aung Aung Naing
·
January 3, 2019
49722633_231850797705419_8822048480240336896_n
ငွေကြေးလိမ်လည်မှုတွေနဲ့ အမှုဖွင့်ခံထားရတဲ့ ယောဂီဝတ် ဒေါ်နန္ဒမာလာကို ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီ ၃ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် တရားရုံးမှာ စွဲချက်တင်ခဲ့ကာ အာမခံ ပေးထားပါတယ်။ ငွေလိမ်မှုနဲ့ ထွက်​​ပြေးတိမ်း​ရှောင်​​နေတဲ့ ဒေါ်နန္ဒမာလာကို ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၂၈၄ မှာ ဇန်နဝါရီလ ၂ ရက်က သူစီးနင်းလိုက်ပါလာခဲ့တဲ့ ကိုယ်ပိုင်ယာဉ်ကို ရပ်တန့်ရှာဖွေခဲ့ရာက ဖမ်းဆီးရမိခဲ့တာပါ။ ဒေါ်နန္ဒမာလာက “အခုဟာက အကစ (အကျဉ်းဦးစီး) ညွှန်ချုပ်က သေသွားတဲ့ မြဟင်္သာရဲ့ ပစ္စည်းတွေ အလွဲသုံးစားမှုနဲ့ရောက်နေတဲ့ ရဲမြင့်ဝင်းပါ နှစ်ယောက်ကို ရဲဘက်ကို တိတ်တိတ်လေး ထုတ်သွားတယ်​လေ။ အဲ့ဟာကို မယ်တော်ကြီးကသိနေတော့ သူတို့ကနေပြီး ခုလိုလုပ်တာပါ”လို့ ​ပြောပါတယ်​။ လက်​ရှိအမှုကို အာမခံပေးခဲ့ပေမယ့်တခြားအမှုတွေရှိနေလို့ စီအိုင်ဒီက ဆက်လက်စစ်ဆေးဖို့ ဒေါ်နန္ဒမာလာကို ခေါ်ဆောင်သွားပါတယ်။ ယောဂီနန္ဒမာလာဟာ လူတချို့ဆီကနေ ငွေကြေး ကျပ်သိန်း ၁၀၀၀၀ ကျော် လိမ်လည်မှုနဲ့ အမှုဖွင့်ခံထားရပြီး ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ရဲစခန်းတွေက ဖမ်းဝရမ်းထုတ်ပြီး တရားခံပြေးအဖြစ် သတ်မှတ် ကြေညာ ခံထားရသူဖြစ်ပါတယ်။ အသက် ၄၆နှစ်အရွယ်ရှိ ယောဂီဝတ် နန္ဒမာလာဟာ ဓာတ်ရိုက်ဓာတ်ဆင်၊ အကြားအမြင်တွေနဲ့ နာမည်ကျော်ကြားနေသူလည်းဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024