မရိမ်းတပ်ဖွဲ့ဝင်ဟောင်းကို ဖမ်းထားသည့်အကြောင်းရင်း ရှင်းပြရန် ရုရှားကို အမေရိကန် တောင်းဆို

ဓာတ်ပုံ - Reuters
သူလျှိုမှုစွဲချက်တွေနဲ့ အမေရိကန် မရိမ်းတပ်ဖွဲ့ဝင်ဟောင်းကို ဖမ်းဆီးထားတဲ့ အကြောင်းရင်းကို ရုရှားအစိုးရဘက်က ရှင်းပြပေးဖို့ တောင်းဆိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘရာဇီးသမ္မတသစ် ရာထူးလက်ခံပွဲ အခမ်းအနားအတွက် ဘရာဇီးကို ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက အမေရိကန်အစိုးရအနေနဲ့ အထိန်းသိမ်းခံ ပေါလ်ဝေလန်နဲ့ ကောင်စစ်ဝင်ရုံးကတဆင့် နာရီပိုင်းအတွင်း အဆက်အသွယ်ရဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက “အမေရိကန်အစိုးရအနေနဲ့ စွဲချက်တွေအကြောင်း ပိုမိုနားလည်လာမယ်လို့ မျှော်လင့်ပါတယ်။ ဝေလန်ကို ဘယ်လိုစွပ်စွဲထားသလဲဆိုတာ နားလည်လာမယ်။ တကယ်လို့ ထိန်းသိမ်းတာဟာ နည်းလမ်းမကျရင် ဝေလန်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ အမေရိကန် မရိမ်းတပ်ဖွဲ့ဝင်ဟောင်း ပေါလ်ဝေလန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က မော်စကိုမြို့ မင်္ဂလာပွဲတခုကို တက်ရောက်ရင်း ဖမ်းဆီးခံရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up