Home
မြန်မာသတင်း
ကျပ် ၁၀၀၀ တန်ထီလက်မှတ် ဖေဖော်ဝါရီ ၁ ရက် စတင်ရောင်းချမည်
ပိုင်စိုး
·
January 2, 2019
ကျပ် ၁၀၀၀တန်ထီလက်မှတ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်ကစပြီး ရောင်းချသွားမယ်လို့ အောင်ဘာလေသိန်းဆု ဌာနခွဲက ကြေညာပါတယ်။ ၁ ကြိမ်မြောက် ၁၀၀၀ တန်ထီတွေအပြင် ကျပ် ၅၀၀ တန်ထီလက်မှတ်တွေကိုလည်း ဆက်လက် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ၁၀၀၀ တန်ထီအတွက် အမြင့်ဆုံးဆုကြေးငွေက ကျပ်သိန်း တသောင်းခွဲ ဖြစ်ပြီး ကျပ် ၅၀၀ တန် အောင်ဘာလေထီ အတွက်ကတော့ အရင်အတိုင်း ကျပ်သိန်းတသောင်း ဖြစ်ပါတယ်။ ဆုမဲတွေ ဘယ်လောက်ပေးမယ်ဆိုတာကတော့ ထီစာအုပ်ရောင်းချတာကို မူတည်ပြီး ထီဖွင့်ပွဲ မတိုင်ခင် ကြေညာပေးသွားမယ်လို့လည်း ဆိုပါတယ်။ အောင်ဘာလေသိန်းဆုဌာနခွဲဟာ ၂၀၁၇ ခုနှစ် မတ်လမှာ ကျပ် ၅၀၀ တန်ထီတွေကို စတင်ရောင်းချခဲ့ပြီး ကျပ် ၂၀၀ တန်ထီတွေကိုတော့ ဇွန်လမှာ နောက်ဆုံးဖွင့်လှစ်ပြီး ရပ်နားခဲ့ ပါတယ်။ လက်ရှိရောင်းချနေတဲ့ ကျပ် ၅၀၀ တန်ထီလက်မှတ်တွေကိုတော့ လက်လီထီ အရောင်း ဆိုင်တွေမှာ တစောင်ကို ကျပ် ၆၅၀ လောက်အထိပေးပြီး အများပြည်သူတွေ ၀ယ်ယူနေကြရတာ ဖြစ်ပြီး အသစ်ရောင်းချမယ့် ကျပ် ၁၀၀၀ တန်ထီလက်မှတ်တွေကို ဘယ်လောက်နဲ့ ဈေးတင် ရောင်းချမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024