DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ရေစကြိုမြို့ လေးရာပြည့်ရပ်ကွက် အမှိုက်များနှင့် ရေမြောင်းများ ဖော်ပေးပါ
DVB
·
September 12, 2012
ရေစကြိုမြို့ လေးရာပြည့်ရပ်ကွက် အမှိုက်များနှင့် ရေမြောင်းများ ဖော်ပေးပါ
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့ပေါ်ရှိ အမှတ် ၈ နယ်မြေ လေးရာပြည့် ရပ်ကွက်ထဲမှာ လမ်းတွေ နိမ့်နေလို့ဆိုပြီး စည်ပင်အမှိုက်ကားတွေ လာရောက် အမှိုက်ပစ် ထားခဲ့ကြပါတယ်။ ရပ်ကွက်ရဲ့ အရှေ့ဘက်နဲ့တောင်ဘက် ၁ ဖာလုံခန့် အကွာမှာ ချင်းတွင်းမြစ်မှ ရေသွယ်ယူတဲ့ ၆ ပေခန့် နက်တဲ့ ရေမြောင်းကြီးလည်း ရှိပါတယ်။

ခါတိုင်းမိုးကြီး၊ ရေလျှံပါရင် ရေတွေက တောင်ဘက်ကို အလွယ်တကူစီးဆင်းသွာပေမယ့် အခုအခါ အမှတ် ၁၆၇ မူလတန်းလွန်ကျောင်းဘေးနဲ့ ရပ်ကွက်တွင်းက အခြားလမ်းတွေမှာ အမှိုက်တွေ စည်းပျက်ကမ်းပျက်ပုံလာကြတဲ့အတွက် ရေထွက်စရာ နေရာမရှိဖြစ်ပြီး ရေ၀ပ်ရေအိုင်ဖြစ်နေပါတယ်။ ဒီရေတွေက နေ့ရက်ကြာလာတဲ့အခါမှာ ညစ်ပတ်နံစော်လာပြီး ရပ်ကွက်နေပြည်သူတွေရဲ့ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ ရေဆိုးတွေကြောင့် ရပ်ကွက်ထဲက ကျောင်းသားလေးတွေ သွားရေးလာရေးခက်ခြင်း၊ အရေပြား ရောဂါစွဲကပ်နိုင်ခြင်း၊ သွေးလွန်တုပ်ကွေးလို ခြင်ကနေ ကူးစက်ရောဂါတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အမှိုက်ပုံကိုရှင်းပေးဖို့နဲ့ လမ်းဘေးရေမြောင်း တူးဖော်ပေးဖို့ မြို့နယ်စည်ပင်သာယာကို ရပ်ကွက်နေ ပြည်သူ ၂၄ ဦးက လက်မှတ်ထိုး တောင်းဆိုတိုင်ကြားထားပေမယ့်လည်း ဒီနေ့ထိ လုပ်ကိုင်ပေးခြင်း မရှိတဲ့အတွက် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့တကွ စည်ပင်ဌာနက အရာရှိကြီးတွေ သိစေဖို့ ဒီဗွီဘီကတဆင့် ဖော်ပြလိုက်ရပါတယ်။

ရပ်ကွက်နေပြည်သူတဦး

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013