Home
မြန်မာသတင်း
၎ နှစ်အတွင်း အမြန်လမ်းပေါ်ယာဉ်တိုက်မှုကြောင့် လူ ၅၀၀ ကျော် သေဆုံး
ရွှေအောင်
·
January 2, 2019
၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဉ်တိုက်မှုပေါင်း ၄၀၀ ကျော် ဖြစ်ပွား လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြီးခဲ့တဲ့ လေးနှစ်အတွင်း လူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အမြန်လမ်းမှာ ယာဉ်တိုက်မှုအတွင်း လူ ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၂၀၁၇ခုနှစ်ထက်စာရင် ယာဉ်တိုက်မှု ၁၀၀ ကျော် ကျဆင်းခဲ့ပေမယ့် သေဆုံးသူဦးရေကတော့ အတူတူပဲဖြစ်ပါတယ်။ အမြန်လမ်းမှာဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကို နှစ်အလိုက်ဖော်ပြထားရာမှာ ၂၀၁၅ ခုနှစ်မှာ မတော်တဆမှုပေါင်း ၄၅၀ ကျော်ဖြစ်ပွားပြီး လူ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ယာဉ်မတော်တဆမှုပေါင်း ၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ ၁၇၀ခန့် သေဆုံးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ယာဉ်မတော်တဆမှု ၅၅၀ ကျော်ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း အမြန်လမ်း ယာဉ်မတော်တဆမှုမှာ လူ ၅၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ယာဉ်မတော်တဆမှု ၉၃ ရာခိုင်နှုန်းကျော်ဟာ ယာဉ်မောင်းစည်းကမ်းပျက်မှုကြောင့် ဖြစ်ပွားရတာလို့ ပို့ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီးက လွှတ်တော်မှာပြောဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024