Home
မြန်မာသတင်း
နှစ်သစ်ကူးည မှုခင်းဖြစ်ပွားမှုနည်းပါးဟု ရဲတပ်ဖွဲ့ပြော
DVB
·
January 1, 2019
49211175_943765195827601_8370606984608612352_o
49092692_943790639158390_1303950262884368384_n
49155148_2172495239483205_2320195875088891904_o
49276793_230591967831302_9095635508993720320_n
49542333_2172495166149879_5610635123021053952_o
49211151_2172495249483204_4084788295366606848_o
49165517_943904885813632_8531388071722090496_o
49082990_230592184497947_1964552564137525248_n
49069653_943790415825079_463490029948239872_o
49056687_943787319158722_4836216952928075776_o
48994208_2172495406149855_6443679317531557888_o
နှစ်သစ်ကူးပြောင်းတဲ့ ဒီဇင်ဘာ ၃၁ ရက်ညမှာ မှုခင်းဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် မရှိသလောက်နည်းပါးတယ်လို့  ရန်ကုန် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ နှစ်သစ်ကူးညကို နိုင်ငံတကာနည်းတူ ရန်ကုန်နဲ့ မန္တလေးအပါအ၀င် မြန်မာနိုင်ငံတ၀န်းမှာ လည်း ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပြည်သူအားလုံး စိတ်အေးချမ်းသာစွာ ပျော်ရွင်နိုင်ဖို့အတွက် ရဲတပ်ဖွဲ့ အင်အားကို တိုးမြှင့်အသုံးပြုပြီး လူစည်ကားရာနေရာတွေ ပွဲလမ်းသဘင်တွေမှာ အင်အားတိုး ချထားခဲ့ပါတယ်။ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက “မနှစ်ကနဲ့စာရင် မှုခင်းဖြစ်ပွားမှု မရှိသလောက်ပါပဲ။ ကြိုတင် ကာကွယ်နိုင်ခဲ့ပါတယ်။ အင်းယားကန်ထဲမှာလည်း ရေကြောင်း ရဲတပ်ဖွဲ့ကနေ လှည့်ကင်းတွေနဲ့ လိုက်လံကြည့်ရှုပြီး လုံခြုံရေးဆောင်ရွက်သလို အင်းယားကန်ပေါင်တလျှောက် မှုခင်းမဖြစ်ပွား အောင် လှည့်ကင်းပတ်ကင်းတွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ကန်ပေါင်ကိုတော့ ည ၁၂ ခွဲ နောက်ဆုံးထားပြီး ပိတ်ပါတယ်။ မှုခင်းဖြစ်ပွားမှု သိပ်မရှိပါဘူး”လို့ ပြောပါတယ်။ ဒီနှစ် ရန်ကုန်မြို့တွင်းမှာ ထူးထူးခြားခြားအနေနဲ့ ဆိုင်ကယ်စီးသူတွေ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်တွေစီးကာ လည်ပတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရှိုးပွဲတွေနဲ့ အင်းယျားကန်ပေါင် ကို လာရောက်လည်ပတ်သူတွေကလည်း မနှစ်ကထက် ပိုမိုများပြားပါတယ်။ ဒါ့အပြင်ရန်ကုန်မြို့တော်ခမ်းမရှေ့ ပန်းခြံတ၀ိုက်မှာ နှစ်သစ်ကို ကြိုဆိုတဲ့သူတွေ စည်းကားခဲ့သို မိုင်ဒါကွင်းမှာတော့ နာမည်ကြီး တေးသံရှင်တွေ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ သာဒီးလူ၊ နီနီခင်ဇော်၊ အိမ့်ချစ်စတဲ့ အဆိုတော်တွေက အခမဲ့ ဖျော်ဖြေတဲ့အတွက် ပရိတ်သတ်တွေ သိန်းနဲ့ချီ လာရောက် အားပေးခဲ့ပါတယ်။ လာရောက်သူတွေ များပြားလွန်းတဲ့အတွက် တေးသံရှင်တွေက လူအုပ်ကိုမတိုးဖို့ ထိန်းသိမ်း ပြောဆိုခဲ့ရသလို လူတချို့ မူးမေ့လဲတာတွေရှိခဲ့တယ်လို့ ပွဲတော်ကိုသွားရောက်ခဲ့သူတွေက ပြောပါတယ်။ နှစ်သစ်ကူးနေ့မှာ နာမည်ကြီး တေးဂီတ၀ိုင်းတွေဖြစ်တဲ့ IC က မန္တလေးမြို့၊ အင်ပါယာက ပုဂံမြို့မှာ ဖျော်ဖြေခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024