တဖက်သတ်ဖိအားပေးနေပါက လမ်းကြောင်းသစ်ရှာမည်ဟု မြောက်ကိုရီးယား သတိပေး

FILE PHOTO: U.S. President Donald Trump and North Korean leader Kim Jong Un walk after lunch at the Capella Hotel on Sentosa island in Singapore June 12, 2018. REUTERS/Jonathan Ernst/File Photo
ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေးကတိ မပြောင်းလဲပေမယ့် အမေရိကန်က တဖက်သတ်လုပ်ရပ်တွေကို တောင်းဆိုနေမယ်ဆိုရင်တော့ လမ်းကြောင်းသစ်ကို ရှာကောင်း ရှာရလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက ဒီကနေ့ ပြောပါတယ်။ အမေရိကန် အစိုးရက လိုက်လျောညီထွေ အရေးတယူ ပြုခဲ့ရင် နျူကလီးယား ဖျက်သိမ်းရေး ပိုမြန်တဲ့တိုးတက်မှုတွေ ရှိလိမ့်မယ်လို့လည်း ကင်မ်က သူ့ရဲ့ နှစ်သစ်မိန့်ခွန်းမှာ ပြောပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းက ကြိုဆိုမယ့် ရလဒ်တွေ ထွက်နိုင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဘယ်အချိန်မဆို တွေ့ဖို့ လိုလားတယ်လို့လဲ သူက ပြောပါတယ်။ တကယ်လို့ မြောက်ကိုရီးယား ပြည်သူတွေရဲ့သည်းခံမှုကို အမေရိကန်က အတွက်မှားခဲ့ရင်၊ ကမ္ဘာ့အလယ်မှာ ပေးထားတဲ့ ကတိကို မတည်ဘဲ ဖိအားပေး ဒဏ်ခတ်လာခဲ့ရင်၊ ကိုယ့်ရဲ့ အချုပ်အခြာကို ကာကွယ်ဖို့ နည်းလမ်းသစ်ကို ရှာဖို့ကလွဲပြီး တခြားရွေးစရာမရှိဘူးလို့ ကင်မ်က ပြောပါတယ်။ ဒါပေမယ့် သူရည်ညွှန်းတဲ့ လမ်းကြောင်းသစ်က ဘာလဲဆိုတာကိုတော့ ကင်မ်က မပြောခဲ့ပါဘူး။ တောင်ကိုရီးယား အစိုးရကိုလည်း အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေ လုံးဝရပ်ဖို့ မြောက်ကိုရီးယားက ဆော်သြလိုက်ပြီး ကိုရီးယားကျွန်းဆွယ် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဘက်စုံ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up