နှစ်သစ်ကူးည မန္တ​လေးတွင် နေအိမ် ၁၇ လုံး မီးလောင်၊ လူ ၁၈၀ ခန့်မီးဘေးသင့်

မန္တလေးတိုင်း​ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်​သာယာရပ်​ကွက်​ ၅၇ လမ်းနဲ့ ၅၈ ကြားမှာ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက နေအိမ် ၁၇ လုံး မီးလောင်ခဲ့ပါတယ်​။ ကန်​သာယာရပ်​ကွက်​ အကွက်​ ဗ-၈ အိမ်​အမှတ်​ ၁၂၆ ​ဒေါ်ငယ်​ (၆၂ နှစ်)​ရဲ့နေအိမ်မှာ ခြင်​ဆေး​ခွေ ထွန်းရာက​နေပြီး မီးစတင်​​လောင်​ကျွမ်းခဲ့တာပါ။ နေအိမ်မီးထဲပါသွားတဲ့ ဒေါ်​ဌေးက​  “မီး၊ မီး၊ မီးဆို​တော့ ကျမလည်းထကြည့်မိတယ်​။ ဒါ​ပေမယ့် ကျမတို့ အရမ်း​နောက်​ကျ​နေပြီ​။ မီး​တောက်​ကြီး​တွေကလည်း မြန်​လိုက်​တာ၊ တမဟုတ်​ချင်းကို တအိမ်​နဲ့ တအိမ်​ကူး​နေတာ၊ အိမ်​က ကပ်​​နေ​တော့ ဘာပစ္စည်းမှကို မရလိုက်​ဘူး”လို့ ပြောပါတယ်​။ နေအိမ် ၁၇ လုံးကို မီးကူးစက်လောင်ပြီး စုစုပေါင်း မီးလောင် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၈၆၇၅၀၀၀ ရှိတယ်​လို့ မန္တ​လေးတိုင်း ခရိုင်​မီးသတ်တပ်ဖွဲ့က ထုတ်​ပြန်​ပါတယ်​။ လတ်တလော မီးဘေးသင့် အိမ်ထောင်စု ၄၀ ကျော်နဲ့ လူဦးရေ ၁၈၀ နီးပါးကို ရပ်ကွက်ဓမ္မာရုံမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်စောင့်ရှောက်​ထားပါတယ်​။ မီးစတင်ေ​လာင်ခဲ့တဲ့ အိမ်ပိုင်ရှင်ေ​​ဒ်ါငယ်ကို ချမ်းမြသာစည်မြို့နယ်​၊ အောင်​ပင်​လယ်​ရဲစခန်း​က  ရာဇသတ်ကြီး ပုဒ်​မ ၂၈၅ မီးပေါ့ဆမှုနဲ့ အမှုဖွင့် အ​ရေးယူထားပါတယ်​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up