Home
မြန်မာသတင်း
တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်
DVB
·
December 31, 2018
49031450_1201754706646272_3787443530461347840_n
မြန်မာပြည်အနှံ့ ပြည်နယ်နဲ့ တိုင်ဒေသကြီး ၁၁ ခုမှာ ဒီနေ့ မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်း ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက် ၇ နာရီအချိန်က ခန့်မှန်းထုတ်ပြန်ထားတာဖြစ်ပြီး ရခိုင်နဲ့ ချင်းပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့ကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးရွာဖို့ ရာခိုင်နှုန်း ၈၀ ရှိတယ်လို့ ဆိုပါတယ်။ ဒီနေ့ညနေပိုင်းအထိ ခန့်မှန်းထားတာက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ နေရာစိပ်စိပ်၊ တနင်္သာရီတိုင်းမှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာတော့ တိမ်တွေ ရှိနေနိုင်တယ်၊ နောက်လာမယ့် ၂ ရက်အတွင်းမှာလည်း ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ- မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024