DVB Logo
Home
မြန်မာသတင်း
တံငါသည်လှေ လိုင်စင်အတွက် ရေဖြူဒေသခံများ အခက်ကြုံ
DVB
·
September 11, 2012
တံငါသည်လှေ လိုင်စင်အတွက် ရေဖြူဒေသခံများ အခက်ကြုံ
1 / 2
Donate to DVB

တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စုက တံငါသည်တွေရဲ့ သဗ္ဗာန်လှေငယ်တွေ လိုင်စင်ပြုလုပ်ရမယ်ဆိုပြီး ကျေးရွာအာဏာပိုင်က ငွေကြေးတောင်းခံတဲ့အတွက် ဒေသခံတံငါသည်တွေ အခက်ကြုံနေရပါတယ်။

သဲချောင်းကျေးရွာအုပ်စုအတွင်းက သဲချောင်း၊ သင်္ကန်းတော၊ မောင်ငန်း၊ တလိုင်းမျှော်၊ ကျွဲကုန်း၊ ကတို့တောနဲ့ ကင်းတောင် စတဲ့ကျေးရွာတွေက တံငါသည်တွေ ပါဝင်ပါတယ်။

လှေလိုင်စင်ကိစ္စနဲ့ ပတ်သက်ပီး ပြီးခဲ့တဲ့လက ကင်းတောင်ကျေးရွာက တံငါသည်တွေကို အုပ်ချုပ်ရေးမှူးက ရုံးကို ဆင့်ခေါ်ခဲ့တယ်လို့ ရေဖြူမြိုနယ် သဲချောင်းကျေးရွာအုပ်စု ကင်းတောင်ကျေးရွာ တံငါသည် ဦးစံသိန်းက ပြောပါတယ်။

“၈ လပိုင်း ၂၆ ရက်နေ့က ရေလုပ်သား မှတ်ပုံတင်ရိုက်မယ်ဆိုပြီး လာကောက်တယ်။ ကျနော်တို့ ဘယ်ခရီးမှသွားတာမဟုတ်ပါဘူး။ ဒီကမ်းဘေးမှာပဲ လုပ်စားနေတာပါ။ နောက် ၈ လ ပိုင်း ၁၈ ရက်က တကြိမ်၊ အဲ့တုန်းက ၁ သိန်းခွဲ အရင်ပေးလိုက်ပါဆိုပြီးတော့ ၁ သိန်းခွဲ ကျနော်တို့ ပေးဆောင်လိုက်ရတယ်။ သဲချောင်းကျေးရွာ အုပ်စု ဦးနိုင်မြင့်နဲ့ ကင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးရည်တို့ ၂ ယောက် ရုံးကို ခေါ်ပြီး ပြောပါတယ်။”

ကင်းတောင် ကျေးရွာမှာ ရှိတဲ့ လှေအများစုဟာ ၁၅ တောင်လောက်သာရှိတဲ့ လှေငယ်လေးတွေဖြစ်တယ်လို့ ပြောပါတယ်။ လတ်တလောမှာလည်း ရေကြီးတဲ့ဒဏ်ကို ခံခဲ့ရသူတွေဖြစ်ပြီး ငွေကြေးမတက်နိုင်ကြဘူးလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ၆ လပိုင်းတုန်းကလည်း ရေကြီးတော့ ဆုံးရှုံးမှုတွေ ရှိနေကြတယ်လေ။ အခုလိုထပ်တောင်းတဲ့ ဟာတွေကိုတော့ ငွေမထည့်နိုင်ဘူး ဖြစ်နေကြတယ်။ ကျနော်တို့လှေတွေဆိုလည်း တောင် ၂၀ မပြည့်ဘူး။ ဒီလှေငယ်တွေနဲ့ လုပ်စားရတာလည်း အခက်အခဲ ရှိပါတယ်။”
လိုင်စင်ကြေးကို စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမယ့် အကြောင်း ညွှန်ကြားထားတယ်လို့ ဒေသခံ တံငါသည်တွေက ပြောပါတယ်။ အဲ့ဒီ ကင်းတောင် ကျေးရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိပြီး အများစုက တံငါသည်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013