မင်္ဂလာဒုံမြို့နယ်တွင် ရေခဲသေတ္တာအပူလွန်ကဲရာမှ နေအိမ်များ မီးလောင်ကျွမ်း

မင်္ဂလာဒုံမြို့နယ်မှာ မနေ့ညနေက ရေခဲသေတ္တာ အပူလွန်ကဲရာမှာ နေအိမ်တွေ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့ ည ၆ နာရီကျော်လောက်က မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်နေ သန့်ဇော် ရဲ့ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၃ ခန်းတွဲနေအိမ်မှ ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြိး လူနေအိမ် ၈ လုံး မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါမီးလောင်မှုကြောင့် သန့်ဇော်အား မင်္ဂလာဒုံမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု) နဲ့ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up