DVB Logo
Home
အာရှဒေသ
အိန္ဒိယက သေဒဏ်ပေးတဲ့ စီရင်ချက်အပေါ် အငြင်းအခုံ
DVB
·
September 11, 2012
အိန္ဒိယက သေဒဏ်ပေးတဲ့ စီရင်ချက်အပေါ် အငြင်းအခုံ
Donate to DVB

၂၀၀၈ ခုနှစ် မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ပါကစ္စတန်က သေနတ်သမား အာဂျီမာ အမယ် ခါဆပ် ကို သေဒဏ်စီရင်ဖို့ အိန္ဒိယရဲ့ အမြင့်ဆုံးတရားရုံးက အတည်ပြုလိုက်ပါတယ်။ လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား ၁၀ ယောက်ထဲမှာ ခါဆပ်တယောက်ပဲ အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းကတော့ သူ့ကို စွဲချက်ပေါင်း ၈၀ ကျော်နဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူ ကျူးလွန်တယ်ဆိုတဲ့အမှုတွေထဲမှာ ဒုစရိုက်မှုကျူးလွန်ဖို့ ကြံစည်မှု၊ အစုလိုက်အပြုံလိုက်တိုက်ခိုက်မှု၊ အိန္ဒိယကို စစ်ရေးတိုက်ခိုက်မှုဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသားအများစုကတော့ သူ့ကို ကြိုးပေးကွပ်မျက်တာကို မြင်ချင်နေကြ ပါတယ်။

ဒါပေမယ့် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယမှာ သေဒဏ်ဆက်ရှိသင့် မရှိသင့်အပေါ် အငြင်းပွားလာကြပြန်ပါတယ်။ အေရှားကောလင်း သတင်းထောက် ဘစ္စမေလာ ဂီလနီရဲ့ သတင်းဆောင်းပါးမှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013