Live
Home
မြန်မာသတင်း
ထွန်ယက်စိုက်ပျိုးခြင်းမပြုရန် ခြိမ်းခြောက်ခံရ၍ ရွှေကျင်တောင်သူများ သတင်းစာရှင်းလင်း
DVB
·
December 30, 2018
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် သရက်ချောင်းကျေးရွာမှာ ဓားမဦးချ လုပ်ကိုင်လာတဲ့ လယ်မြေအတွင်း ထွန်ယက်စိုက်ပျိုးခြင်း မပြုလုပ်ဖို့ စစ်တောင်းတောင်ကြားစက်မှု ၁ မန်နေဂျာက  ခြိမ်းခြောက်တားမြစ်တာကို မကျေနပ်လို့ ဒေသခံတွေ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ တောင်သူတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့ ကွင်းအမှတ် ၈ နဲ့ ၉ ဟာ စက်မှု ၁ ဝန်ကြီးဌာနက စွန့်လွှတ်ထားတဲ့ မြေဖြစ်သလို ဒီလယ်မြေဟာ လွန်ခဲ့နှစ်ပေါင်း ၃၀ ကျော်က တောင်သူ ၁၀၀ ကျော် က ဧက ၅၀၀ ကျော်ကို ဓားမဦးချ လုပ်ကိုင်လာကြလို့ ဒေသခံတွေကပြောပါတယ်။ စစ်တောင်းတောင်ကြားက မန်နေဂျာ ဦးမင်းစွမ်းရည်က ၂၀၁၇ ခုနှစ်ကတည်းကစပြီးခုချိန်ထိ ခြိမ်းခြောက်တားမြစ်တာတွေ ပြုလုပ်နေတာကြောင့် တောင်သူတွေ လယ်မြေအတွင်း ထွန်ယက်စိုက်ပျိုးဖို့ အခက်အခဲဖြစ်နေတယ်လို့ တောင်သူဦးမြင့်လွင်က ပြောပါတယ်။ "ကျနော်တို့ကို မစိုက်ဖို့ စိုက်ရင် ထောင်ကျမယ်၊ အဖမ်းခံရမယ်ဆိုပြီး ဟန့်တားခြိမ်းခြောက်မှုတွေကြောင့် ခုချိန်ထိ ဘာလုပ်လို့ ဘာကိုင်ရမလည်းမသိဘူး ဖြစ်နေတယ်။" စက်မှု (၁) ဝန်ကြီးဌာနရဲ့ စစ်တောင်းတောင်ကြား ရာဘာခြံဟာ ဧက ၆၅၀၀ ကျော်ရှိပြီး ၂၀၁၄ - ၂၀၁၅ ခုနှစ်မှာ ဧက ၂၀၀၀ ကျော် ပြန်လည်စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ အခုအငြင်းပွားနေတဲ့ ကွင်းအမှတ် ၈ နဲ့ ၉ ဟာ စွှန့်လွှတ်ထားတဲ့ မြေထဲမှာပါနေပြီး အစိုးရရဲ့ စီမံခန့်ခွဲပိုင်ခွင့် မြေအမျိုးအစား ဖြစ်နေတယ်လို့ ရွှေကျင်မြို့ မြေစာရင်းဦးစီးမှူး ဦးရဲထွဋ်အောင်က ပြောပါတယ်။ “စစ်တောင်းတောင်ကြား ရာဘာခြံဘက်ကတော့ ဘယ်မြေတွေ စွန့်လွှတ်ထားတယ်ဆိုတာကို တိတိကျကျ ခုချိန်ထိ မပြသေးတာကြောင့် ကျနော်တို့လည်း တိတိကျကျ မတိုင်းတာရသေးတာ။” ခြိမ်းခြောက်တားမြစ်တာတွေနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က တောင်သူ ၁၀၀ ကျော် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲပတ်သက်လို့ စစ်တောင်းတောင်ကြား ရာဘာခြံမန်နေဂျာ ဦးမင်းစွမ်းရည်ကို ဒီဗွီဘီက သွားရောက်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024