DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လူသားချင်းစာနာထောက်ပံ့ရေး အခြေအနေ စိုးရိမ်စရာကောင်း
DVB
·
September 11, 2012
Donate to DVB

ရခိုင်ပြည်နယ်မှာ ပဋိပက္ခ္ခဖြစ်ပွားတဲ့ လူ့အဖွဲ့အစည်းကြီး ၂ ခုစလုံး ကြီးကြီးမားမား ထိခိုက်နေပြီး လူသားချင်း စာနာထောက်ပံ့ရေး အခြေအနေက စိုးရိမ်စရာ ကောင်းလွန်းနေတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ရှေ့ဆက်ဆောင်ရွက်ရာမှာ အရေးပေါ် လိုအပ်ချက်တွေကို လုပ်ဆောင်ဖို့ အရေးကြီးသလို ရေရှည် တည်တံ့ပြီး တရားမျှတမှုရှိရှိ ဖြေရှင်းဆောင်ရွက်ဖို့ အခြေခံအုတ်မြစ်ကို ချရမယ်လို့ စက်တင်ဘာ ၁၀ ရက်ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာရှပစိဖိတ်ရေးရာဌာန အကြီးအကဲ အမေရိကန် လက်ထောက်  နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရက်မစ်ချဲလ်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒ်ီခရီးစဉ်အတွင်းမှာ ရေရှည် နာလန်ထူလာစေရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အသိုက်အ၀န်းက ၀ိုင်းဝန်းကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာကြံခဲ့ကြတယ်လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဝင် ကျန် ၃ ဦးကတော့ တောင်နဲ့ဗဟိုအာရှရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး။ လူဦးရေ၊ ဒုက္ခသည် နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်း ရေးရာ ဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ ဖြစ်ပါတယ်။

၅ ဦးပါ ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူအုပ်စုချင်း အကြမ်းဖက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေဖြစ်တဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုခိုင်မြဲရေး၊ ဒေသခံတွေ လွတ်လွတ်လပ်လပ် သွားလာနိုင်ရေး၊ ကာကွယ်စောင့်ရှောက်မှုနဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ရောက်ရှိရေး အပေါ်မှာ အာရုံစိုက်ခဲ့ကြတယ်လို့ ကြေညာချက်က ဆိုပါတယ်။

သူတို့အဖွဲ့ဟာ ၂ရက်ကြာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေမြို့နယ်က ရပ်ရွာတွေ၊ မောင်တောမြို့နယ်အနီးဝန်းကျင်က ရွာတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်။

သူတို့ဟာရွာတွေ၊ နေရပ်စွန့်ခွာထွက်ပြေးသူတွေ နေထိုင်ရာစခန်းတွေ၊ ဒေသခံစီးပွားရေးလုပ်ငန်းတွေ၊ ဗလီတွေနဲ့ ဘုန်းကြီးကျောင်းတွေကို သွားရောက်ခဲ့ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တခြားဒေသခံတာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေး တိုင်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်သံအမတ်ကြီး ဒဲရက်မစ်ချဲလ်က လွဲလို့ ကျန် ၄ ဦးဟာ ဆက်လက်ဆွေးနွေးဖို့အတွက် စက်တင်ဘာ ၁၀ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နယ်စပ်အနီးဝန်းကျင် အပါအ၀င် ရခိုင်ပြည်နယ်အခြေအနေကို ကိုယ်တွေ့သိမြင်နိုင်ဖို့ ဒီကိုယ်စားလှယ်အဖွဲ့ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဆီ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013