DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ထားဝယ်စီးပွားရေးဇုန်အတွင်းရှိ မူဒူး-ထိန်ကြီး လမ်းတံတား ပြုပြင်ပေးပါ
DVB
·
September 11, 2012
ထားဝယ်စီးပွားရေးဇုန်အတွင်းရှိ မူဒူး-ထိန်ကြီး လမ်းတံတား ပြုပြင်ပေးပါ
Donate to DVB

ထားဝယ် အထူးစီးပွားရေးဇုန် ထားဝယ်ရေနက်စီမံကိန်း အတွင်းမှာ ပါဝင်တဲ့ မူဒူး ကျေးရွာအလွန် မူဒူး-ထိန်ကြီး လမ်းတံတားပျက်စီးနေတဲ့အတွက် မူဒူးကျေးရွာကနေ ၆ မိုင်လောက်ဝေးတဲ့ ထိန်ကြီးကျေးရွာမှာ ကျောင်းတက်နေရတဲ့ ကျောင်းသူကျောင်းသားတွေအပါအ၀င်  ခရီသွားပြည်သူတွေ အခက်တွေ့နေကြရပါတယ်။

ထားဝယ်ဒေသမှာ မော်တော်ဆိုင်ကယ်တွေကို အဓိကထားပြီး ခရီးသွားနေကြရတာ ဖြစ်ပါတယ်။ တံတားတွေဟာ နံဘေး လက်ရန်းမရှိဘဲ အလယ်ကပေါက်နေတဲ့ အတွက်  မော်တော်ကားတွေ ပြဿနာမရှိပေမယ့် ကျောင်းသူကျောင်းသားတွေနဲ့ ခရီသွားတွေအတွက် ပြဿနာ ဖြစ်နေရပါတယ်။

တံတားပျက်စီးနေတဲ့ လမ်းတွေမှာ ညဘက်သွားလာရမှာကိုလည်း ကြောက်နေရပါတယ်။ ထားဝယ်ဒေသ တိုးတက်မှာမှန်ပေမယ့် လမ်းတံတာ ပျက်စီးမှုဒုက္ခ ခံစားနေရတာ ၂ နှစ် ကျော်ပါပြီ။ အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ မြန်မာအထောက်အကူပြုအဖွဲ့ကို သွားပြောကြတာ အကြိမ်ကြိမ် ရှိပေမယ့် အခုချိန်ထိ လာမပြင်တဲ့အတွက် ဒီဗွီဘီကနေတဆင့် တင်ပြလိုက်ရပါတယ်။

မင်းအောင်သူ

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013