DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story သတင်း

ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခံထားရသည့် ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို ရုံးထုတ်

  • By DVB
  • 28 December 2018
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုထားတဲ့ ABSDF တပ်ဖွဲ့ဝင် ၃ ဦးကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ်မြောက် ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တတပ်ဦး (ABSDF) မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော်မောင်ဦးနဲ့ ဦးမောင်ကိန်း (ခ) သန်းထိုက်အောင်တို့ကို  မိုးညှင်းမြို့ နယ်မှာ ရုံးထုတ်တာပါ။

ဒီနေ့ ရုံးထုတ်ရာမှာ ခလရ (၁၅) မှ တရားလို ဗိုလ်ကြီးကို စစ်ဆေးမေးခဲ့တယ်လို့ ဖမ်းဆီးခံထားရတဲ့ ABSDF တပ်ဖွဲ့ဝင်တွေရဲ့ ရှေ့နေ ဦးတင်လှိုင်က ပြောပါတယ်။

“နံပါတ် ၁ က စွပ်စွဲတာ။ စွပ်စွဲမှုအပေါ်မှာ ခိုင်လုံလား၊ မခိုင်လုံလား။ တရားခံအဖြစ်ပြဖို့အတွက် တရားလိုမှာ သက်သေပြဖို့ တာဝန်ရှိတယ်။ အဲဒီမှာ ကွင်းဆက်မပြတ်သူတို့ဘက်က စွပ်စွဲထားတာ။ ဘာပဲဖြစ်ဖြစ် ဥပဒေအတိုင်းပဲ သွားကြမှာပါ။”

ဖမ်းဆီးခံထားရတဲ့ ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦးရဲ့ ညီမဖြစ်သူက ဒီကနေ့ နေ့လယ် ၁၂ နာရီမှာ ရုံးထုတ်ပြီး ညနေ ၂ နာရီခွဲ ချက်ချင်း မိုးညှင်းထောင်အချုပ်ကို ပြန်ပို့တာကြောင့် စကားပြောခွင့်မရလိုက်ဘူးလို့ ပြောပါတယ်။

“သူတို့အခြေနေ ကောင်းလားဆိုးလားလည်း ကိုယ်မသိရဘူး၊ ရောက်ခဲ့ရင်လည်း ဘယ်သူနဲ့မှ စကားပြောခွင့်မရှိဘူး။ ရုံးထဲကိုပဲ မြန်မြန်ခေါ်ပြီးတော့ တရားသူကြီးနဲ့ ပြောပြီးတာနဲ့ ချက်ချင်း ကားပေါ်တင်ခေါ်သွားတယ်ဆိုတော့ စကားပြောခွင့်လည်း မရှိဘူး။ ဒီလိုလေးပဲ တွေ့လိုက်ရတာပေါ့။ ထောင်မှာတော့ ပစ္စည်းတွေဘာတွေ ပေးလို့ရတယ်။ နှစ်ပတ်တကြိမ်တွေ့ခွင့်ရှိတယ်။”

တရားခွင်ကို ABSDF ရဲဘော်ဟောင်းတွေနဲ့ မိသားစုဝင်တွေ လူ ၂ဝ လောက် လာရောက်ခဲ့ကြပါတယ်။ ဒီနေ့ရုံးချိန်းမှာ မြို့နယ်တရားသူကြီး ဦးဇော်လင်းထွန်းက စစ်ဆေးခဲ့ပြီး နောက်တပတ်ရုံးချိန်းကို ၂၈ ရက်ခွာ ချိန်းဆိုထားပါတယ်။

ရေရှည်တည်တံ့တဲ့ ငြိမ်းရေးတည်ဆောက်ချိန်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု (အန်စီအေ) မှာ လက်မှတ်ရေးထိုးထားတဲ့ ABSDF တပ်ဖွဲ့ဝင်တွေကို အခုလိုမျိုး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးတာမျိုး မလုပ်သင့်ဘူးလို့ ABSDF မြောက်ပိုင်းဥက္ကဋ္ဌ ရဲဘော်လဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတာ ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တတပ်ဦး (ABSDF) က ဒီဇင်ဘာလ ၁၄ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

ABSDF ကျောင်းသားတပ်မတော် မြောက်ပိုင်းရဲ့ ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) နဲ့ ဆက်သွယ်တယ်ဆိုပြီး တပ်မတော်က တရားလိုလုပ်ကာ မတရားအသင်းဥပဒေနဲ့ အရေးယူခဲ့ပြီး ၈ လကျော်ကြာ အဖမ်းခံခဲ့ရပြီးမှ လွတ်မြောက်ခဲ့ပါတယ်။

Tags: ABSDF တပ်ဖွဲ့ဝင် ၃ ဦးတရားစွဲဆိုခံထားရသည့်

  • Previous story ဆီးရီးယား ဒမတ်စ်ကပ်စ်တွင် ယူအေအီး သံရုံး ပြန်လည်ဖွင့်လှစ်
  • Next story တပ်မတော်သတင်းများ စိစစ်ခြင်းမရှိဘဲ ထုတ်ပြန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုဆို
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.