DVB Logo
Home
သတင်းတို
မနန်းဝိုးဖန်အမှု လာမည့် လွှတ်တော်တွင် တင်မည်
DVB
·
September 11, 2012
မနန်းဝိုးဖန်အမှု လာမည့် လွှတ်တော်တွင် တင်မည်
Donate to DVB

စသုံးလုံးမှာ စစ်ဆေးနေတုန်း ၅ ထပ်ပြတင်းပေါက်ကနေ ပြုတ်ကျသေဆုံးသွားတဲ့ ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန် အမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဖြေကြားတာကို မကျေနပ်တဲ့အတွက် လာမယ့် လွှတ်တော်အစည်းအဝေးကျရင် ဆက်ပြီး မေးမြန်းသွားဦးမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစောသန်းမြင့် က ပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဖြေကြားချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကိုလည်း ပေးပို့ထားပြီလို့ သိရပါတယ်။

မနန်းဝိုးဖန်ဟာ သူ့ခင်ပွန်း ဂျပန်အမျိုးသားရဲ့ အိမ်ခြံမြေ ရောင်းဝယ်မှုကို စသုံးလုံးက ခေါ်ယူ စစ်ဆေးရာမှာ သေဆုံးသွားတာ ဖြစ်တဲ့အတွက် စသုံးလုံးမှာ အပြည့်အ၀ တာဝန်ရှိကြောင်း၊ အမှုမှန်ပေါ်ပေါက်ပြီး အပြစ်ရှိတဲ့သူ အားလုံးကို တရားစွဲဖို့ လိုတယ်လို့ ဦးစောသန်းမြင့် က ပြောပါတယ်။ ကျင်းပပြီးသွားတဲ့ လွှတ်တော်အစည်းမှာတုန်းကတော့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးပြဿနာကြောင့် တင်ပြဖို့ အခွင့်မသာခဲ့ဖူးလို့ သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013