Home
မြန်မာသတင်း
မြိုင်​မြို့နယ်​ ​ကျေးရွာ ၂၉ ရွာ လျှပ်​စစ်​မီးရရှိ
DVB
·
December 28, 2018
ele
မ​ကွေးတိုင်း​ဒေသကြီး မြိုင်​မြို့နယ်​ ​ကျေးရွာ​ပေါင်း ၂၉ ရွာမှာ​ လျှပ်​စစ်​မီးပေးနိုင်ခဲ့ပြီလို့ မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ပြည်​သူထည့်ဝင်​​ငွေ သိန်​​ပေါင်း ၂ေ​သာင်း​ကျော်​၊ အစိုးရ ထည့်ဝင်​​ငွေ သိန်း ၄၉၀၀ ကျော်နဲ့ အခုလို မီးပေးနိုင်ခဲ့တာလို့ မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ် ​​ဒေါက်​တာ​အောင်​မိုးညိုက ပြောပါတယ်။ "အခုလိုမီး​ပေးနိုင်​ဖို့က ဓာတ်​အားခွဲရုံရှိမှ ဖြန့်​ဖြူးနိုင်​မှာဖြစ်​တယ်​။ 5 MBA ပဲရှိတဲ့ ဓာတ်​အားခွဲရုံ​တွေများပြီး မြိုင်​မြို့နယ်​မှာ ယခင်​အစိုးရလက်​ထက်​က သု​တေသနလုပ်​ဖို့ သန်း​ထောင်​ချီ ကုန်​ကျခံတည်​​ဆောက်​ထားတဲ့ 10 MBA ဓာတ်​အားခွဲရုံ ရှိတဲ့အတွက်​ ခုလို ဖြန့်​ဖြူးနိုင်​တာပါ။ မြိုင်​မြို့နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေ ဦး​ဆောင်​ကာ ကြိုးသွယ်​တန်းပြီး ထရန်​စ​ဖော်​မာ​တွေ တည်​​ဆောက်​ခိုင်းတဲ့အ​တွက်​ ရွာ​တွေအများကြီးကို လျှပ်​စစ်​မီး​ပေးနိုင်​တာပါ။" မြိုင်​မြို့နယ်​တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ဦးသက်​နိုင်​က "​ကျေးရွာ​နေ ပြည်​သူ​တွေက လျှပ်​စစ်​မီးလင်းချင်​တဲ့ဆန္ဒ​ကြောင့် ထရန်​စ​ဖော်​မာ​တွေနဲ့ ရွာတွင်း ၄၀၀ ဗို့လိုင်း​တွေ အပြိုင်​အဆိုင် ​တည်​​ဆောက်​ကြတဲ့အတွက် ​ဒီလိုအ​ခြေ​အနေဖြစ်​လာတာပါ။ ​ငွေ​ကြေးပြည့်စုံသူက စိုက်​ထုတ်​ထားပြီး စိုက်​ပျိုး​ရေးလုပ်​ငန်းက​နေ တအိမ်​​ထောင်​ကို နှစ်​​သောင်း/သုံး​သောင်း​လောက်​နဲ့ ဆယ်​ကြိမ်​​လောက်​ခွဲပြီး စု​ဆောင်​ခဲ့တာပါ။ ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ငန်း ​အောင်​မြင်​တဲ့ ​​ကျေးရွာ​တွေက နိုင်​ငံ​တော်​က ​ပေးတဲ့​ငွေကို မ​စောင့်ဘဲ ကိုယ်​ထူကိုယ်ထစနစ်​နဲ့ ထည့်​ဝင်​ခဲ့တာ" လို့ ​ပြောပါတယ်​။ အဆိုပါဓာတ်​အားခွဲရုံမှ ​ကျေးရွာ​ပေါင်း ၅၀၀ လောက်ထိ လျှပ်​စစ်​ဖြန့်​ဖြူးနိုင်​တဲ့အတွက်​ မြိုင်​မြို့နယ်​အတွင်းရှိ ​ကျေးရွာ​ပေါင်​ ၃၂၉ ရွာအပြင်​ ​ပေါက်​မြို့နယ်​ရှိ​ကျေးရွာ​တွေပါ လျှ့ပ်​စစ်​မီး ဖြန့်​ဖြူးနိုင်​မယ်​လို့ ဆိုပါတယ်​။ အဆိုပါ​ကျေးရွာတွေ လျှပ်​စစ်​မီးလင်း​ရေးဖွင့်ပွဲကို မ​ကွေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​နဲ့ အစိုးရအဖွဲ့ဝန်​ကြီးတွေ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ ဌာနဆိုင်​ရာတာဝန်​ရှိသူတွေက ဒီဇင်​ဘာ ၂၄ ရက်​​နေ့မှာ ၁၅ ရွာ၊၂၅ ရက်​​နေ့က ၁၄ ရွာဖွင့်လှစ်​​ပေးခဲ့တာပါ။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024